spot_img

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ရွှေ့ဆိုင်းခဲ့ရသဖြင့် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ အပိုကုန်ကျ

COVID-19 ရောဂါဖြစ်ပွားမှု ကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ရွှေ့ဆိုင်းခဲ့ရသဖြင့် အပိုကုန်ကျစရိတ် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံရှိ ကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

COVID-19ရာဂါဖြစ်ပွား မှုကို အပြည့်အဝမထိန်းချုပ်နိုင်သေးသော်လည်း တိုကျိုအိုလံပစ်ပြိုင်ပွဲအား ၂၀၂၁ ခုနှစ်တွင် ကျင်းပနိုင်ရန် မျှော်မှန်းထားပြီး ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပြိုင်ပွဲအပေါ် ပရိသတ်စိတ်ဝင်စားမှု ပြန်လည်ရရှိ ရေးလုပ်ငန်းများ လုပ်ဆောင်ရသဖြင့် အပိုစရိတ်များ ကုန်ကျခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပရေးအဖွဲ့ဖြစ် သည့် တိုကျို ၂၀၂၀ ၏ ထုတ်ပြန်မှုအရ ပြိုင်ပွဲအား ရွှေ့ဆိုင်းလိုက်ရသဖြင့် လုပ်ငန်းလည်ပတ်မှုကုန်ကျ စရိတ် ဒေါ်လာ ၁ ဒသမ ၅ သန်းနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီး ကာကွယ်ရေးအတွက် ဒေါ်လာသန်း ၉၀၀၊ စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ အပိုကုန်ကျခဲ့ပြီး ကုန်ကျစရိတ်မှာ ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။

myan789

အပိုကုန်ကျစရိတ်ကို အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) က ကျခံမည်မဟုတ်ဘဲ ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ဂျပန်အစိုးရတို့ ပူးတွဲစိုက်ထုတ်ကျခံရမည်ဖြစ်သည်။ သို့သော် IOC အနေဖြင့် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် စပွန်ဆာမူပိုင်ကြေးမယူရန် ပြိုင်ပွဲကျင်းပရေး ကော်မတီနှင့် သဘောတူညီမှုရထားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့်စာရင်းအရ တိုကျိုအိုလံပစ် ပြိုင်ပွဲကို မူလအစီအစဉ်အတိုင်း ယခုနှစ်တွင် ကျင်းပဖြစ်ပါက ပြိုင်ပွဲအတွက် ကုန်ကျစရိတ်စုစုပေါင်းမှာ ဒေါ်လာ ၁၃ ဘီလျံရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။ ယင်း ပမာဏမှာ ၂၀၁၃-၂၀၁၈ ခုနှစ် ကာလအတွင်း မူလသတ်မှတ်ထား သည့် ဘတ်ဂျက်ပမာဏထက် ဆယ်ဆနီးပါးပိုများသဖြင့် ဂျပန်ပြည်သူများ၏ ဝေဖန်မှုခံခဲ့ရသည်။ သို့ဖြစ်ရာ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် အပိုကုန်ကျစရိတ်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ထပ်တိုးလာသဖြင့် ဝေဖန်မှုများ ထပ်မံရင်ဆိုင်ရနိုင်သော်လည်း ပြည်သူများအနေဖြင့် နားလည်လက်ခံပေးမည်ဟု မျှော်လင့်ကြောင်း တိုကျို ၂၀၂၀ ဥက္ကဋ္ဌ ယိုရှီရိုမိုရီက ပြောကြားခဲ့သည်။

” ရေတစ်ခွက်သောက်တဲ့အခါ ခင်ဗျားက ခွက်တစ်ဝက်ပြည့်နေတယ်လို့ ပြောနိုင်သလို တစ်ဝက်လျော့နေတယ်လို့လည်း ပြောနိုင်တယ်။ အဲဒါက ဘယ်လိုရှုထောင့်ကနေ ခင်ဗျားကြည့်သလဲဆိုတာအပေါ် မူတည်ပါတယ်။ ဒီအစီအစဉ်ရဲ့နောက်ကွယ်မှာ ကျိုး ကြောင်းဆင်ခြင်မှုတွေရှိပါတယ်။ ဒါကို ဂျပန်ပြည်သူတွေ နားလည်ပေးမယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

တိုကျို ၂၀၂၀ အနေဖြင့် ပြိုင်ပွဲ အတွက် ကြိုတင်ရောင်းချထားသည့် လက်မှတ်များကိုလည်း ငွေပြန်အမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင် လက်မှတ်အရေအတွက် စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်း (၈၁၀၀၀၀) ရောင်းချထားရပြီး ငွေ ပြန်အမ်းပေးရန် တောင်းဆိုမှုများရှိ နေသဖြင့် ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း တိုကျို ၂၀၂၀ က သောကြာ နေ့တွင် ထုတ်ပြန်ခဲ့သည်။ လာမည့် နှစ်တွင်ကျင်းပမည့် ပြိုင်ပွဲအတွက် လက်မှတ်များ ပြန်လည်ရောင်းချရန် မျှော်မှန်းထားသော်လည်း ပြိုင်ပွဲ အပေါ် ပရိသတ်စိတ်ဝင်စားမှု လျော့ နည်းနေပြီး ပျမ်းမျှလေးဦးလျှင် တစ်ဦးနှုန်းသာ ကြည့်ရှုရန် ဆန္ဒရှိသည်ဟု ဇူလိုင်တွင်ထုတ်ပြန်ခဲ့သည့်စစ်တမ်း အရ သိရသည်။

ထို့ကြောင့် ပြိုင်ပွဲအတွက် ကုန်ကျစရိတ်သက်သာစေမည့် နည်းလမ်းများကိုလည်း ရှာဖွေလျက်ရှိပြီး အခမဲ့ပေးဝေသည့်လက်မှတ်အရေအတွက် လျှော့ချခြင်း၊ လူစုလူဝေးမဖြစ်စေရန် ဖွင့်ပွဲအခမ်းအနားတွင် အားကစားသမားများ စီတန်းဝင်ရောက်မှု မပြုလုပ်ခြင်း၊ လာဘ်ကောင်အရုပ်၊ ပိုစတာစာတန်းနှင့် အစားအသောက်ကုန်ကျ စရိတ်လျှော့ချခြင်း ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။ရွှေ့ဆိုင်းထားသည့် တိုကျိုအို လံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular