မန်ယူအသင်း၏ နည်းပြဖြစ်သူ ရန်းနစ်က COVID-19 ၏ နောက်ဆက်တွဲပြဿနာများက မိမိတို့အသင်း၏ တိုးတက်မှုနှုန်းကို အနှောင့် အယှက်ဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။
အသက် (၆၃)နှစ်အရွယ်ရှိ ဂျာမန်လူမျိုးနည်းပြ ရန်းနစ်သည် မန်ယူအသင်းကို တာဝန်ယူချိန်ကတည်းက ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲစလုံးရှုံးပွဲမရှိသေးသော်လည်း ရမှတ်လျော့ကျသည့်ပွဲစဉ်များရှိနေသည်။
အသင်း၏ လက်ရှိအနေအထားက ၎င်းမျှော်လင့်ထားသည့် အခြေအနေ ဟုတ်၊ မဟုတ် မေးမြန်းခဲ့ရာ ရန်းနစ်က “ဘယ်ဟုတ်လိမ့်မလဲ။ နည်းပြတိုင်း၊ ရည်မှန်းချက် ကြီးမားတဲ့ နည်းပြတိုင်းလိုလိုအတွက် ခြားနားမှုမရှိတဲ့အရာက ကိုယ့်အသင်းရဲ့ တိုးတက်မှုနှုန်းကို အရမ်းမြန်စေချင်တယ်။ ကိုယ့်အသင်းရဲ့ အင်အားကို အမြန်ဆုံးကြီးထွားချင်တယ်။ ရှေ့ကို မြန်မြန်ရောက်စေချင်ကြတာချည်းပဲ။ ဒါပေမဲ့ အစဉ်လိုက်အတိုင်း ပြောရရင် အနည်းဆုံးတော့ လေ့ကျင့်မှု တွေ ပြုလုပ်ဖို့လိုပါတယ်။ ကလပ်အသင်းလူစာရင်းအနေနဲ့ဆိုရင် နောက်ဆုံး (၃)ရက်မှာ ကျွန်တော်တို့ လူအင်အားအပြည့်အဝနီးပါး ပြန်ရှိလာပါတယ်။ ဒါပေမဲ့ ပွဲကျပ်ကာလကြောင့် လေ့ကျင့်လို့မရခဲ့ဘူး။ လေ့ကျင့်လို့ရတဲ့အချိန်မှာ လူမစုံခဲ့ဘူး။ COVID-19 ရဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် အသင်းရဲ့တိုးတက်မှုကို ထိခိုက်ခဲ့ပါတယ်”ဟု ဆိုခဲ့သည်။