spot_img

Coca-Cola အစား ရေသောက်ရန် စီရော်နယ်လ်ဒို တိုက်တွန်းခြင်းကိုအကြောင်းပြုပြီး Cristiano ရေသန့် ထွက်ပေါ်လာ

ဆွီဒင်အခြေစိုက် အိမ်သုံးပရိဘောဂများထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီ IKEA သည် ယူရို- ၂၀၂၀ ပြိုင်ပွဲတွင် လူပြောများသည့် Coca-Cola အစား ရေသောက်ရန် နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို တိုက်တွန်းခဲ့ခြင်းကို အကြောင်းပြုကာ Cristiano ဟု အမည်ပေးထားသည့် ရေသန့်ဘူး ထုတ်လုပ်ခဲ့ကြောင်း သိရှိရသည်။

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဇွန်လ (၁၂)ရက်ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်း၏ရှေ့ချထားသည့် ပြိုင်ပွဲစပွန်ဆာတစ်ခုဖြစ်သော Coca-Cola ပုလင်းနှစ်လုံးကို ဖယ်ရှားခဲ့ပြီး ရေဘူးကိုကိုင်ကာ ပေါ်တူဂီဘာသာစကားဖြင့် ”Agua” (ရေ)ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

myan789

ကျန်းမာရေးကိုအလေးထားသည့် စီရော်နယ်လ်ဒိုအနေဖြင့် အချိုရည်ထက် ရေသောက်ခြင်းက ပိုကောင်းသည်ဆိုသောသဘောမျိုးဖြင့် ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒို၏ အဆိုပါလုပ်ရပ်အပြီး နောက်တစ်ရက်အကြာတွင် တိုက်တိုက်ဆိုင်ဆိုင်ပင် Coca-Cola ၏ ရှယ်ယာတန်ဖိုးမှာ ဒေါ်လာ (၄)ဘီလီယံ ကျဆင်းခဲ့ပြီး ယင်းသတင်းကို ကမ္ဘာ့မီဒီယာများက ကျယ်ကျယ်ပြန့် ပြန့်ဖော်ပြခဲ့ကြသည်။

စီရော်နယ်လ်ဒို၏ဖြစ်ရပ်နောက်ပိုင်းတွင် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက ဘာသာရေးအကြောင်းပြချက်ဖြင့် Heineken ဘီယာပုလင်းကို ဖယ်ရှားခဲ့သလို၊ အီတလီကွင်းလယ်လူ လိုကာတယ်လီကလည်း Coca-Cola ပုလင်းများကို ဖယ်ရှားမှုများပြုလုပ်ခဲ့သည်။

ယင်းနောက် ယူကရိန်းကွင်းလယ်လူ ယာမိုလန်ကို၊ ရုရှားနည်းပြ ချယ်ချီဆော့ဗ်တို့အပါအဝင် အဆိုပါဖြစ်ရပ်များကို သတင်းစာရှင်းလင်းပွဲတွင် နောက်ပြောင်ခဲ့ခြင်းကြောင့် စီရော်နယ်လ်ဒို အစပြုခဲ့သည့် Coca-Cola ပုလင်းဖယ်ရှားမှုပြဿနာမှာ ပရိသတ်များအကြား လူပြောများခဲ့သည်။

ယင်းသို့ လူပြောများနေချိန်တွင် IKEA က Cristiano ဟု အမည်ပေးထားသည့် ရေသန့်ဘူးပုံကို သူတို့၏ Twitter တွင် ”Drink Water, sustainably@cristiano#EURO2020” စာသားနှင့်တင်ခဲ့ခြင်းဖြစ်သည်။

IKEA ၏လုပ်ရပ်ကို ပရိသတ်များစွာက ချီးကျူးခဲ့ကြပြီး ”Marketing အသင်းကို လစာပိုပေးသင့်တယ်” ”သိပ်လိမ္မာတဲ့ Marketing ပဲ” စသည့်မှတ်ချက်များကို ရေးသားခဲ့ကြကြောင်း သိရှိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular