spot_img

CIES မှ နောက်ဆုံးထုတ်ပြန်လိုက်သည့် ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံး ကလပ်အသင်းစာရင်းတွင် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်း ဦးဆောင်

ဆွစ်ဇာလန်အခြေစိုက် ဘောလုံးစျေးကွက်ဆိုင်ရာ သုတေသနအဖွဲ့အစည်း CIES ၏ နောက်ဆုံးထုတ်ပြန်လိုက် သည့် ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံး ကလပ်အသင်းစာရင်းတွင် ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ဦးဆောင်ခဲ့ကြောင်း သိရသည်။

ယခုစာရင်းမှာ ကလပ်အသင်းများ အသုံးပြုခဲ့သည့် ပြောင်းရွှေ့ကြေးတန်ဖိုးအပေါ် အခြေခံခြင်းမဟုတ်ဘဲ လက်ရှိအသင်းမှ ကစားသမားများ၏ ဖြစ်နိုင်ခြေပြောင်းရွှေ့ကြေးတန် ဖိုးများကို အခြေခံတွက်ချက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ ပြင် အငှားခေါ်ယူထားသည့် ကစားသမားများကို ထည့်သွင်းတွက်ချက်ခြင်းမပြုကြောင်းလည်း သိရသည်။

myan789

CIES ၏ ထုတ် ပြန်မှုအရ မန်စီးတီးအသင်းက ယူရိုသန်း(၁၂၈၀)ဖြင့် ဦး ဆောင်ခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ယူအသင်းက ယူရို(၁၂၁၄)သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ တန်ဖိုးယူရို(၁)ဘီလီယံကျော်သည်မှာ ယင်းနှစ်သင်းသာရှိပြီး တန်ဖိုးအမြင့် ဆုံး(၁၀)သင်းစာရင်း၌ ပရီးမီးယားလိဂ်မှ (၄)သင်းအထိ ပါဝင်ကာ အများဆုံးဖြစ်ခဲ့သည်။ လာလီဂါမှ (၃)သင်း၊ ဘွန်ဒစ်လီဂါ မှ (၂)သင်းနှင့် ပြင်သစ်လိဂ်မှ (၁)သင်းပါဝင်ခဲ့ပြီး စီးရီးအေမှ တန်ဖိုးအကြီးဆုံး ဂျူဗင်တပ်စ်အသင်းမှာ အဆင့်(၁၁)နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

CIES က လိဂ်အလိုက် ကစားသမားစုစုပေါင်း၏ ခန့်မှန်းတန်ဖိုးများကိုလည်း ထုတ်ပြန်ခဲ့ရာ ပရီးမီးယားလိဂ်က ယူ ရို(၈.၉)ဘီလီယံဖြင့် အပြတ်အသတ်ဦးဆောင်ခဲ့ပြီး လာလီဂါက ယူရို(၅.၃)ဘီလီယံ၊ ဘွန်ဒစ်လီဂါက ယူရို(၄.၅)ဘီလီယံ၊ စီးရီးအေက ယူရို(၄.၄)ဘီလီယံ၊ ပြင်သစ်လိဂ်က ယူရို(၃.၄)ဘီလီယံဖြင့် အစဉ်အလိုက်ရပ်တည်ခဲ့သည်။

ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ထိပ်တန်းကစားသမားများ ခေါ်ယူနိုင်ခြင်းမရှိသော်လည်း အလားအလာရှိသည့် လူငယ်ကစားသမားများကြောင့် လာလီဂါ၏တန်ဖိုးအမြင့်ဆုံးအသင်းအဖြစ် ရပ်တည်နေခြင်းဖြစ်ကြောင်းသိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular