PSG အသင်း၏ နာမည်ကျော်တိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် ပြင်သစ်သတင်းအေဂျင်စီတစ်ခုဖြစ်သည့် TyC နှင့် အင်တာဗျူးအစီအစဉ်တွင် သူ၏ အမြင်အချို့ကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ရာ Ballon d’Or ဆုအတွက် ဘန်ဇီမာဘက်မှ ရပ်တည်ကြောင်းလည်း ပါဝင်ခဲ့သည်။
လာမည့် ရာသီ Ballon d’Or ဆုအတွက် ဘန်ဇီမာ ရေပန်းစားနေသည့် အခြေအနေနှင့် ပတ်သက်ပြီး ” Ballon d’Or အတွက်က ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ဘန်ဇီမာ ရမယ်ဆိုတာ အရမ်းရှင်းပါတယ်။ သံသယဖြစ်စရာမရှိပါဘူး။ သူဟာ မယုံနိုင်စရာကောင်းတဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ပြီး နောက်ဆုံးမှာ ချန်ပီယံလိဂ် ဖလားအောင်မြင်မှုနဲ့ အဆုံးသတ်ခဲ့တယ်။ ရှုံးထွက် (၁၆) သင်းအဆင့်ကနေ သူလုပ်ပြခဲ့တာတွေက မယုံနိုင်စရာဖြစ်ပြီး ပွဲတိုင်းမှာ အကောင်းဆုံး ကစားပြခဲ့တယ်။ ဒီနှစ်အတွက်တော့ သူရဖို့ သံသယဖြစ်ဖွယ်မရှိဘူးလို့ထင်ပါတယ်” ဟု မက်ဆီက ဆိုခဲ့သည်။
၎င်းအပေါ် ဝေဖန်မှုများပြုလုပ်ခဲ့ဖူးသည့် လက်ရှိ ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် ပတ်သက်၍လည်း “ရိုးရိုးသားသားပြောတာပါ။ သူပြောတာတွေကို ကျွန်တော် သဘောမတူပါဘူး။ ပြီးတော့ ဒီကိစ္စက ဒီလောက်ကြီးလည်း အရေးမကြီးပါ ဘူး။ သူပြောချင်တာတွေ ပြောနိုင်ပါ တယ်။ ကျွန်တော် စိတ်မဝင်စားပါဘူး}} ဟု ပြောကြားခဲ့သည်။