PSG အသင်း၏ ဂိုးသမား နာဗတ်စ်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု(Ballon d’Or)နှင့်ပတ်သက်၍ ဂိုးသမားများအတွက် အခွင့်အရေးမရှိသည့်ဆုဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။
နာဗတ်စ်က ”ကျွန်တော်ကတော့ ဂိုးသမားတွေကို တခြားကစားသမားတွေနဲ့ သီးခြားခွဲပြီး တန်ဖိုးဖြတ်သင့်တယ်လို့ ထင်ပါတယ်။ လက်ရှိစံနှုန်းအရဆိုရင်တော့ Ballon d’Or ဆုက ဂိုးသမားတွေအတွက် အခွင့်အရေးမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေက သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေကိုပဲ အလေးထားကြတာကြောင့်ပါ။ ကာကွယ်မှုတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ကြပါဘူး”ဟု ပြောကြားခဲ့သည်။
ယခုနှစ် Ballon d’Or ဆန်ခါတင် (၃၀)ဦးစာရင်းတွင် ဂိုးသမား ဒွန်နာရမ်မာတစ်ဦးသာ ပါဝင်ကြောင်းလည်း သိရသည်။