spot_img

Ballon d’Or စာရင်းတွင် အဆင့် (၇)သာရခဲ့ခြင်းအတွက် မှတ်ချက်ပေးရန်မရှိကြောင်းနှင့် ပိုကောင်းလာရန်မျှော်လင့်ဟု ဆာလာဆို

လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြကစားနေသည့် အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက ပြီးခဲ့သည့် တနင်္လာနေ့က ချီးမြှင့်ခဲ့သည့် Ballon d’Or ဆုပေးပွဲ အခမ်းအနား၌ အဆင့် (၇)နေရာတွင်သာ ရပ်တည်နိုင်ခဲ့ခြင်းအတွက် မှတ်ချက်ပေးရန်မရှိကြောင်း ပြောကြားခဲ့ပြီး လာမည့်ရာသီတွင် ယခုထက်ပိုမိုကောင်းမွန်သည့်အဆင့်၌ ရပ်တည်နိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဝေဖန်မှုများဖြင့် အဆုံးသတ်ခဲ့သည့် ယခုနှစ် Ballon d’Or ဆုပေးပွဲအခမ်းအနားအပြီးတွင် မက်ဆီက (၇)ကြိမ်မြောက်အဖြစ် အကောင်းဆုံးဘောလုံးသမားဆုကို ရယူနိုင်ခဲ့ပြီး ရေပန်းစားခဲ့သူ လီဝန်ဒေါစကီးက ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရသည်။

myan789

ဆာလာမှာမူ အဆင့် (၇) နေရာတွင်သာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် ယင်းအပေါ် ခံစားမှုကို မေးမြန်းခဲ့ရာ ဆာလာက ”ကျွန်တော့်မှာ ဒီအတွက် မှတ်ချက်ပေးစရာ မရှိပါဘူး” ဟု နှစ်ကြိမ်တိုင်တိုင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် သတင်းထောက်ဖြစ်သူက လာမည့်နှစ်တွင် ယခုထက်ပိုမိုကောင်းမွန်သည့် အဆင့်၌ ရပ်တည်လိုသည့် ဆန္ဒရှိသလား ဆိုသည့် မေးမြန်းမှုကိုလည်း ”ကျွန်တော် မျှော်လင့်ပါတယ်။ ကြိုတင်တော့ ဘယ်ပြောနိုင်မလဲ။ ကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့သည်။

မီဒီယာများကမူ ဆာလာသည် ယခုလက်ရှိအဆင့်တွင်သာ ရပ်တည်နိုင်ခဲ့ခြင်းအပေါ် မကျေမနပ်ဖြစ်နေပုံပေါ်ပြီး သူသည် ယခုထက်ပိုမိုကောင်းမွန်သည့်အဆင့်၌ ရပ်တည်သင့်သည်ဟု ခံစားနေရဖွယ်ရှိသည်ဟု သုံးသပ်ခဲ့သည်။

PSG အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူးဖြစ်သူ ဘာပေမှာလည်း ဆုပေးပွဲအခမ်းအနား၌ အဆင့် (၉) နေရာတွင်သာ ရပ်တည်ခဲ့ချိန် မျက်နှာအမူအရာအရ မကျေမနပ် ဖြစ်နေဖွယ်ရှိသည်ဟု မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular