လီဗာပူးလ်အသင်း၏ ကင်မရွန်းနောက်ခံလူ မာတစ်သည် အရွတ်ကြောပြတ်ဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
မာတစ်သည် လီဗာပူးလ်အ သင်းက ဖူလ်ဟမ်အသင်းကို (၄-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အိမ်ကွင်းပွဲစဉ်တွင် ပွဲပြီးခါနီး မိနစ် (၂၀) အလို၌ လူစားလဲခံခဲ့ရပြီး ရှက်ဖီးယူနိုက်တက်အသင်းနှင့်ကစားခဲ့သည့် ပွဲစဉ်တွင်မူ အသင်းနည်းပြ ကလော့ပ်က မာတစ်သည် အရွတ်ကြောစုတ်ပြတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အ တည်ပြုပြောကြားခဲ့သည်။
ကလော့ပ်က “ကံမကောင်းစွာဘဲ မာတစ်က အရွတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အမြန်ဆုံး ပြန်သက်သာလာဖို့ မျှော်လင့်နေပေမဲ့ အခြေအနေက အရမ်းမကောင်းပါဘူ။ ကံမကောင်းဘူးလို့ပဲ ဆိုရပါမယ်”ဟု ပြောကြားခဲ့သည်။
မာတစ် (၃၂ နှစ်) သည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းနောက်ဆုံးနှစ် ရောက်ရှိနေပြီဖြစ်ပြီး ရာသီကုန်အထိ လွဲချော် ပါက အသင်းအတွက် ပြန်ကစားနိုင်ခြေ နည်းပါးနေပြီဖြစ်သည်။