spot_img

ယူနိုက်တက် ကြယ်ပွင့် ရပ်ရှ်ဖို့ ရွေးချယ်လိုက်တဲ့ သူ့ရဲ့ အကောင်းဆုံး ၆ ယောက် အသင်

န်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့က သူ့ရဲ့ အကောင်းဆုံး ၆ ယောက် အသင်းကို ရွေးချယ်လိုက်ရာမှာ ငယ်ဘဝက ဟီးရိုး နှစ်ဦးဖြစ်တဲ့ ဝိန်းရွန်းနီနဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ကို ထည့်သွင်း ရွေးချယ် သွားခဲ့လိုက်ပါတယ် ။

ရပ်ရှ်ဖို့ ဒီရက်ပိုင်းအတွင်း အွန်လိုင်း အမေးအဖြေ ကဏ္ဍ တစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဥ်မှာ သူ့ရဲ့အကောင်းဆုံး ၆ ယောက် အသင်းအကြောင်း အမေးအဖြေ ပြုလုပ်ခံခဲ့ရပါတယ် ။ အဲ့ဒီထဲမှာတော့ ရပ်ရှ်ဖို့က ယူနိုက်တက် ဂန္တဝင် ကစားသမားတွေကိုပဲ ရွေးချယ်ခဲ့ပါတယ် ။

myan789

အဲ့ဒီထဲမှာတော့ ဂိုးသမား နေရာအတွက် ရပ်ရှ်ဖို့ဟာ ဒေးဗစ် ဒီဂီယာ နဲ့ အက်ဒ်ဝင် ဗန်ဒါဆား တို့ကို နှစ်ခြိုက်ခဲ့ပေမယ့် တစ်ဦးတယောက်ကိုပဲ ရွေးချယ်ရမှာ ဖြစ်တဲ့ အတွက် လက်ရှိ အသင်းဖော် ဒီဂီယာကိုပဲ ဦးစားပေး ရွေးချယ်ခဲ့လိုက်ပါတယ် ။

အဲ့ဒီနောက် ဗဟိုခံစစ် နေရာအတွက် သူဟာ ရီယိုဖာဒီနန် ကို ရွေးချယ်ခဲ့ပြီး ကွင်းလယ် နေရာမှာတော့ ပေါလ် စခိုးလ် နဲ့ ရိုင်ယန်ဂစ် တို့လို ပါရမီရှင် ကစားသမားတွေကို ဦးစားပေး ရွေးချယ် သွားခဲ့လိုက်ပါတယ် ။

အဲ့ဒီနောက် တိုက်စစ် နေရာအတွက် ရပ်ရှ်ဖို့ က ပရိသတ် အချစ်တော် နှစ်ဦး ဖြစ်ကြတဲ့ ဝိန်း ရွန်းနီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ကို ရွေးချယ်ရင်း တိုက်စစ် အားသန်လှတဲ့ အသင်းကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ် ။

” ဟုတ်ပါတယ် ၊ ဒီအသင်းကို ရွေးချယ်ပေးရမယ်ဆိုရင်တော့ ကျွန်တော် စောင့်ကြည့်ရင်းနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကစားသမားတွေကိုပဲ ဦးစားပေး ရွေးချယ်ရပါလိမ့်မယ် ”

” ကျွန်တော် ကလေး ဘဝတုန်းကတော့ ဗန်ဒါဆားဟာ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ် ။ ဒေ့ဗ် (ဒီဂီယာ) နဲ့ အတူ တွဲဖက် ကစားရတာက ခမ်းနားလှ ပါတယ် ။ ဒါ့ကြောင့် ကျွန်တော် ဒီဂီယာကို ရွေးချယ်ချင်ပါတယ် ”

” ပြီးတော့ နောက်တန်း နေရာအတွက်ဆိုရင် ကျွန်တော့်ဆီမှာ ရီယို (ဖာဒီနန်) ရှိပါတယ် ။ အဲ့တာပြီးရင်တော့ ကျွန်တော့် အသင်းကို တိုက်စစ်အားသန်တွေပဲ ထည့်သွင်းပါ့မယ် ။ ရီီယိုရဲ့ အရှေ့မှာတော့ ကျွန်တော်ဟာ ပေါလ် စခိုးလ်ကို ထားပါ့မယ် ”

” ရိုင်ယန်ဂစ်ကို ညာတောင်ပံမှာ ထားမှာ ဖြစ်ပြီး ဘယ်တောင်ပံဖက်မှာတော့ စီရော်နယ်ဒိုကို ရွေးချယ်ပါ့မယ် ။ အထောင် တိုက်စစ်မှာတော့ ဝိန်းရွန်းနီ ပဲပေါ့ဗျာ ။ ကျွန်တော့်ကိုယ် ကျွန်တော်တော့ ဒီအသင်းမှာ မထည့်ပါဘူး ။ အခု မထည့်သေးပါဘူး ”

” သူ (ရွန်းနီ) နဲ့ ရော်နယ်ဒို ဆိုတာက ကျွန်တော် ကြီးပြင်းခဲ့တဲ့ လူငယ်ဘဝအတွင်းမှာ အကြိုက်နှစ်သက်ဆုံးသော ကစားသမား နှစ်ဦးပါပဲ ။ ဒါ့ကြောင့် သူနဲ့ အတူ ကစားခဲ့ရတဲ့ အတွေ့အကြုံက ကျွန်တော့်အတွက် အံ့မခန်းပါပဲ ” လို့ ရပ်ရှ်ဖို့ က ပြောကြား သွားခဲ့လိုက်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular