လိုင်ယွန်အသင်းတိုက်စစ်ကစားသမား ဒီပိုင်းသည် ဘာစီလိုနာအသင်း၌ နည်းပြ ရော်နယ်လ်ကိုးမန်း ဆက်ရှိနေပါက အပြောင်းအရွှေ့ပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
အသက် (၂၇)နှစ်အရွယ်ရှိ နယ်သာလန်တိုက်စစ်ကစားသမား ဒီပိုင်းသည် ယခုရာသီကုန်တွင် လိုင်ယွန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းပြောင်းရွှေ့ခွင့်ရှိနေသူဖြစ်သည်။
ဘာစီလိုနာအသင်းသည် ဒီပိုင်းကို ခေါ်ယူရန် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလကတည်းက ကြိုးပမ်းခဲ့ပြီး ယခုအခါ သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။
ဒီပိုင်းသည် ဘာစီလိုနာအသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့သော်လည်း နယ်သာလန်နည်းပြ ရော်နယ်လ်ကိုးမန်း အသင်းတွင် ဆက်ရှိရန် တောင်းဆိုခဲ့ပြီး နည်းပြအပြောင်းအလဲဖြစ်ခဲ့ပါက အပြောင်းအရွှေ့ဖြစ်မြောက်မည်မဟုတ်ဟု သိရသည်။
ဒီပိုင်းသည် ယခုရာသီတွင် လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ (၃၈)ပွဲတွင် (၂၁)ဂိုး သွင်းယူထားသည်။