အင်တာမီလန်အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က နည်းပြ ကွန်တီထွက်ခွာသွားလျှင်ပင် မိမိအနေဖြင့် အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းနှင့် ၂၀၂၃ ခုနှစ်ထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ၎င်းင်းကိုခေါ်ယူရန် ဘာစီလိုနာအသင်းက စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေ သည်။
သို့သော် လော်တာရိုမာတီနက်ဇ်က အင်တာမီလန်အသင်းတွင် ဆက်ရှိနေမည်ဖြစ်ပြီး စာချုပ်သစ်အတွက် အသင်းနှင့် ဆွေးနွေးရန်စီစဉ်နေကြောင်း ဆိုခဲ့သည်။
“ကွန်တီကို ကျွန်တော် သဘောကျပါတယ်။ သူ ထွက်သွားရင်တောင် ကျွန်တော့်အနေနဲ့ အင်တာမီလန်ကစားသမားအဖြစ် ရှိနေမှာဖြစ်ပြီး အသင်းအတွက် ကစားပေးနေဦးမှာပါ။ ပြီးတော့ စာချုပ်သစ်အတွက် အသင်းနဲ့ ဆွေးနွေးဖို့လည်း ကျွန်တောည် စီစဉ်နေပါတယ်။ လက်ရှိမှာတော့ ကွင်းအတွင်း ခြေစွမ်းပြနိုင်ဖို့ကိုပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်”ဟု လော်တာရိုမာတီနက်ဇ်က ပြောကြားခဲ့သည်။
လော်တာရိုမာတီနက်ဇ်သည် ယခုရာသီတွင် အင်တာမီလန်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၄၅)ပွဲတွင် (၁၈)ဂိုး သွင်းယူပေးထားသည်။