စပါးအသင်း၏ အင်္ဂလန်တိုက် စစ်မှူး ဟာရီကိန်းသည် အသင်းဥက္ကဋ္ဌ ဖြစ်သူ လီဗီအား ၎င်းအတွက်ကမ်း လှမ်းမှုများရှိလာပါက လက်ခံစဉ်းစား ပေးရန် တောင်းဆိုလိုက်ကြောင်း သိ ရှိရသည်။
အသက် (၂၇)နှစ်အရွယ်တိုက် စစ်မှူး ဟာရီကိန်းသည် လာမည့်နွေ ရာသီတွင် စပါးအသင်းမှ ထွက်မည်ဟု သတင်းများထွက်ပေါ်နေသူဖြစ်ပြီး ၎င်းင်း အနေဖြင့် အသင်းမှထွက်ခွင့်တောင်း ခံသွားမည်မဟုတ်သော်လည်း ကမ်း လှမ်းမှုများရှိလာပါက မပယ်ချရန် အ သင်းကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စပါးအသင်း၏ ပရီးမီးယား လိဂ်ပြိုင်ဘက်အသင်းကြီးတစ်သင်း ဖြစ်သော မန်ယူအသင်းက ဟာရီကိန်း အားခေါ်ယူရန် ပေါင်သန်း(၉၀)ဖြင့် ကမ်းလှမ်းမည်ဖြစ်ကြောင်း သတင်း များထွက်ပေါ်လျက်ရှိသည်။ ဗြိတိန်မီဒီ ယာများ၏ဖော်ပြချက်အရ စပါးဥက္ကဋ္ဌ လီဗီသည် ဟာရီကိန်းအတွက် မန်ယူ အသင်းကမ်းလှမ်းမည့်ပမာဏထက် (၂)ဆများပြားသောပမာဏကို အလို ရှိနေကြောင်း သိရှိရသည်။
သို့သော် ကိုရိုနာဗိုင်းရပ်စ် ထိုး နှက်မှုကြောင့် စီးပွားရေးကျဆင်းနေ သော ဥရောပဘောလုံးလောကတွင် လီဗီအလိုရှိသောပမာဏဖြင့် ကမ်း လှမ်းမှုမှာ လက်တွေ့တွင် ဖြစ်ပေါ်မ လာနိုင်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ ဟာရီကိန်းသည် ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတစ် သင်းသင်းသို့ပြောင်းရွှေ့ရန် စိတ်ဝင် စားနေကြောင်းလည်း ယင်းသတင်း စာက ဖော်ပြခဲ့သည်။