spot_img

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးကို အာရုံစိုက်ထားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်း မတွေးနိုင်သေးဟု ဂွါဒီယိုလာ ဆို

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိတို့အနေဖြင့် လက်ရှိတွင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးကို အာရုံစိုက်ထားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်း မတွေးနိုင်သေးကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)အပြီး ရမှတ် (၈၀)မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁)နေရာတွင် ရပ်တည်နေပြီး အဆင့်(၂)နေရာမှ ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေသေးသည့် မန်ယူအသင်း(၆၇ မှတ်)ကို (၁၃)မှတ် ဖြတ်ထားသည်။

myan789

ထို့ကြောင့် မန်စီးတီးအသင်းသည် ယနေ့(မေလ ၈ ရက်)တွင် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကို ကစားရမည်ဖြစ်ပြီး အနိုင်ရပါက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။

ဂွါဒီယိုလာက “ပရီးမီးယားလိဂ်ချန်ပီယံဆုက အရေးအကြီးဆုံးလို့ ကျွန်တော် အမြဲတမ်း ပြောပါတယ်။ ကျွန်တော်တို့အနေနဲ့ (၄)ပွဲကစားဖို့ ကျန်ရှိနေသေးပြီး တစ်ပွဲနိုင်တာနဲ့ ချန်ပီယံဆုကို ရရှိမှာပါ။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရပြီးမှ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကျွန်တော်တို့ အာရုံစိုက်နိုင်မှာပါ။ ကျွန်တော်က အမြဲသတိထားတဲ့လူမျိုးဖြစ်ပြီး ဘောလုံးမှာ နောက်ဆုံးအချိန်အထိ ဘယ်အရာမှ အာမခံချက်မရှိပါဘူး။ အခုက ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်းကို တွေးရမယ့်အချိန် မဟုတ်သေးပါဘူး”ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် မေလ (၂၉)ရက်တွင် ချယ်လ်ဆီးအသင်းနှင့် ကစားရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular