ချယ်လ်ဆီးနည်းပြ တူဟယ်လ်၏ ရက် ပေါင်း(၁၀၀)အတွင်း စွမ်းဆောင်မှုများကို မီဒီ ယာများက ချီးမွမ်းနေကြောင်း သိရသည်။
တူဟယ်လ်သည် ချယ်လ်ဆီးအသင်းကို ယခုနှစ် ဇန်နဝါရီ(၂၆)ရက်နေ့တွင် စတင်တာဝန်ယူခဲ့ပြီး ရက်ပေါင်း(၁၀၀)မပြည့်မီအတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သလို၊ FA ဖလားဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးနိုင်ခဲ့သည်။
ယင်းကဲ့သို့ ဖြတ်သန်းခဲ့ရာ၌ နာမည်ကျော်ထိပ်တန်းနည်းပြများဖြစ်သည့် ဇီဒန်း၊ ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်၊ ဆီမြွန်နီနှင့် မော်ရင်ဟိုတို့ကိုလည်း အနိုင်ယူခဲ့သည်။
ထို့ကြောင့် တူဟယ်လ်သည် အင်္ဂလန်မြေတွင် အံ့အားသင့်ဖွယ် စွမ်းဆောင်ပြနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း မီဒီယာအချို့က ချီးမွမ်းခန်းဖွင့်ခဲ့သည်။
တူဟယ်လ်သည် ချယ်လ်ဆီးအသင်းကို ပြိုင်ပွဲစုံ(၂၄)ပွဲကိုင်တွယ်ခဲ့ရာ၌ (၁၆)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၂)ပွဲရှုံးဖြင့် နိုင်ပွဲ (၆၆%)ကျော်ရရှိ အောင် စွမ်းဆောင်ပေးထားသလို၊ Clean Sheet (၁၈)ပွဲအထိ ရရှိအောင်လည်း စွမ်းဆောင်ပေးထားသည်။
ထို့ကြောင့် လမ်းပတ်နေရာ၌ တူဟယ်လ်ကို အစားထိုးခန့်အပ်ခဲ့ခြင်းမှာ ချယ်လ်ဆီးအသင်း၏ မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်း မီဒီယာများက ချီးမွမ်းခဲ့သည်။
တူဟယ်လ်၏ ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မန်စီးတီး၊ FA ဖလားဗိုလ်လုပွဲတွင် လက်စတာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။