spot_img

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲကြိုသုံးသပ်ချက်

မန်စီးတီး – PSG (မြန်မာစံတော်ချိန် မေလ ၅ ရက် နံနက် ၁း၃၀ နာရီ)

Head to Head

myan789

၂၀၀၈-၀၉ (UEL) မန်စီးတီး ၀-၀ PSG
၂၀၁၅-၁၆ (UCL) PSG ၂-၂ မန်စီးတီး
မန်စီးတီး ၁-၀ PSG
၂၀၂၀-၂၁ (UCL) PSG ၁-၂ မန်စီးတီး

ပထမအကျော့ရလဒ်အရ မန်စီးတီးက အားသာသွားပြီဆိုတာ သံသယဖြစ်ဖွယ်မရှိပေမဲ့ အခုအချိန်အထိ PSG က အခွင့်အရေးရှိနေတုန်းပဲ။ နေမာ၊ ဘာပေတို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားခြင်းက PSG ရဲ့ အိပ်မက်ကို ဆက်လက်ရှင်သန်စေပြီး၊ မန်စီးတီးအတွက်တော့ နောက်ထပ်ခက်ခဲတဲ့ မိနစ် (၉၀)နဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ ပထမအကျော့အခြေအနေကို ပြန် သုံးသပ်ကြည့်ရင် ပထမပိုင်းမှာ PSG ကသာ ပွဲကို အဆုံးသတ်ထားနိုင်ရင်ဆိုတာကို စဉ်းစားရမှာဖြစ်သလို၊ ကစားသမားတစ်ဦး အထုတ်ခံရပြီးတဲ့နောက်၊ နောက်ထပ် အဝေးဂိုးတစ်ဂိုးမပေးရအောင် ထိန်းထားနိုင်ခဲ့တာကလည်း ကံကောင်းပါတယ်။ မန်စီးတီးရဲ့ဒုတိယပိုင်းခြေစွမ်းက PSG ကို (၁-၂)ထက် ပိုကောင်းတဲ့ရလဒ်ကို ယူနိုင်ခဲ့သင့်ပါလျက်နဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘူး။ မန်စီးတီးရဲ့နိုင်ပွဲက ကျေနပ်စရာဖြစ်ပြီး နိုင်ပွဲနဲ့ ထိုက်တန်တဲ့ခြေစွမ်းကိုလည်း ပြနိုင်ခဲ့ပေမဲ့ ရခဲ့တဲ့ဂိုးနှစ်ဂိုးက မမျှော်လင့်ဘဲရခဲ့တဲ့ ဂိုးမျိုးတွေဖြစ်နေတယ်။ အဂွဲရိ်ုး၊ စတာလင်တို့လို ကစားသမားတွေကို ဂွါဒီယိုလာ သိပ်မသုံးချင်တော့တာက မန်စီးတီးရဲ့တိုက်စစ်အရှိန်အဝါကို လျော့ကျစေတယ်လို့လည်း ယူဆမိတယ်။ ဖိုဒန်-ဒီဘရိုင်းနား-မာရက်ဇ်တိုက်စစ်အတွဲဟာ မန်စီးတီးကို သွင်းဂိုးတွေအတွက် အာမခံချက်ပေးနိုင်တဲ့အတွဲမျိုးမဟုတ်ဘဲ တစ်ပွဲကောင်းလောက်အတွက်သာ သင့်တော်တယ်လို့ ယူဆမိတယ်။ ဒီဘရိုင်းနားက False 9 နေရာမှာလည်း အသင်းကို ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲတိုင်းခြေစွမ်းပြနိုင်ပါ့မလားဆိုတာ ပထမပိုင်းတစ်ပိုင်းလုံး ပျောက်ဆုံးနေခဲ့တာနဲ့ ယှဉ်ပြီးစဉ်းစားသင့်တယ်။ ဂွါဒီယိုလာရဲ့ Over Thinking တွေက အသင်းကို မတာ်တဆ ခြေချော်တာမျိုးဖြစ်စေခဲ့တာ အကြိမ်ကြိမ်ပါ။ ဒီပွဲလည်း ဗိုလ်လုပွဲအတွက် သံသယဝင်စရာကောင်းတုန်းပဲ။

  • မန်စီးတီးအသင်းသည် ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိသေးသည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေပြီး (၁၀)ပွဲ အနိုင်ရရှိခဲ့သလို၊ (၁)ပွဲသာ သရေကျခဲ့ကာ (၂)ဂိုးနှင့်အထက်သွင်းယူနိုင်သည့်ပွဲမှာလည်း (၉)ပွဲအထိရှိခဲ့သည်။
  • PSG အသင်းသည် ချန်ပီယံလိဂ်အဝေးကွင်း (၃)ပွဲဆက်အနိုင်ရရှိခဲ့ပြီး ပွဲတိုင်းလည်း (၃)ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့သည်။
  • မန်စီးတီးအသင်း၏ ချန်ပီယံလိဂ်အိမ်ကွင်း နောက်ဆုံး (၉)ပွဲတွင် (၇)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၃)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular