spot_img

PSG တိုက်စစ်မှူး ဘာပေ ခြေသလုံးဒဏ်ရာကြောင့် မန်စီးတီးအသင်းနှင့်ပွဲတွင် ပါဝင်နိုင်ရန် မသေချာ

PSG အသင်း ကြယ်ပွင့်တိုက်စစ်မှူး ဘာပေသည် ခြေသလုံးဒဏ်ရာကြောင့် မန်စီးတီးအသင်းနှင့် ပြန်လည်ကစားရမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲတွင် ပါဝင်နိုင်ရန်မသေချာကြောင်း သိရသည်။

ဘာပေသည် ယာဘက်ခြေသလုံးဒဏ်ရာ ရရှိထားပြီး စနေနေ့က လန်းစ်အသင်းနှင့် ကစားသည့်ပွဲကို လွဲချော်ခဲ့သောကြောင့် မန်စီးတီးအသင်းနှင့်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝရန် စောင့်ကြည့်နေရခြင်းဖြစ်သည်။

myan789

ဘာပေသည် ပြီးခဲ့သည့်တစ်ပတ်က မက်ဇ်အသင်းနှင့်ပွဲတွင် အသေးစားဒဏ်ရာရရှိခဲ့သော်လည်း မန်စီးတီးအသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်သည့်ပွဲတွင် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ယင်းပွဲအပြီးစစ်ဆေးစဉ် ခြေသလုံးဒဏ်ရာရရှိထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

”သူက ယာဘက်ခြေသလုံးမှာ မသက်မသာခံစားနေရတာပါ။ ဒဏ်ရာမပြင်းထန်စေဖို့နဲ့ မကြာခင်ပြန်ကစားနိုင်ဖို့တော့ မျှော်လင့်ထားပါတယ်။ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားတစ်ယောက်ပါ”ဟု PSG အသင်းနည်းပြ ပိုချက်တီနိုက သောကြာနေ့ တွင် ပြောကြားသည်။

ဘာပေသည် ယခုရာသီ လီဂူးပြိုင်ပွဲတွင် ၂၅ ဂိုး၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှစ်ဂိုးအပါအဝင် စုစုပေါင်း ပြိုင်ပွဲစုံတွင် ၃၇ ဂိုးသွင်းယူပြီး ခြေစွမ်းပြနေသူဖြစ်ရာ ၎င်းမပါဝင်နိုင်ပါက PSG အသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်စေနိုင်ကြောင်း မီဒီယာများ က သုံးသပ်ဖော်ပြလျက်ရှိသည်။

PSG အသင်းသည် မန်စီးတီးအသင်းအား ပထမအကျော့ အိမ်ကွင်းပွဲတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ထားသောကြောင့် ဗိုလ်လုပွဲသို့ နှစ်နှစ်ဆက် တက်ရောက်ခွင့်ရရန်အတွက် အဝေးကွင်းတွင် မဖြစ်မနေပြန်လည်အနိုင်ကစားရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular