spot_img

ပေါ့ဘာ၏ စာချုပ်သစ်ကိစ္စမသေချာသေးဘဲ မန်ယူအသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် ဘရူနိုဖာနန်ဒက်စ် ဆန္ဒမရှိ

မန်ယူအသင်း၏ အဓိက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သည် ပေါ့ဘာမန်ယူအသင်းတွင် ဆက်ရှိမှသာ အသင်းတွင် ဆက်နေရန် ဆန္ဒရှိသည့်အတွက် သူ၏ စာချုပ်သစ်ကိစ္စကို ဆုံးဖြတ်ဦးမည်မဟုတ်ဟု သိရှိရသည်။

မန်ယူအသင်းသည် လက်ရှိအချိန်တွင် ဘရူနိုဖာနန်ဒက်စ်အား အသင်းတွင် နောက်ထပ် (၅)နှစ် ဆက်ရှိနေမည့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် ဆန္ဒရှိနေပြီး သူ၏ လစာငွေကိုလည်း တိုးမြှင့်ပေးသွားမည်ဖြစ်သည်။

myan789

သို့ရာတွင် ပေါ့ဘာ၏ အနာဂတ်ကိုမူ ညှိနှိုင်းရန် ခက်ခဲလျက်ရှိနေပြီး ပေါ့ဘာ၏ အေးဂျင့်ဖြစ်သူ မီနိုရိုင်ယိုလာက သူ၏ ကစားသမားနှင့် ပတ်သက်ပြီး အပြည့်အဝထိန်းချုပ်ထားသည့် အခြေအနေမျိုးလည်းဖြစ်နေသည်။

ဘရူနိုဖာနန်ဒက်စ်ကမူ မန်ယူအသင်း၏ အနာဂတ် အောင်မြင်မှုများအတွက် ပေါ့ဘာအသင်းတွင် ဆက်ရှိနေရန် လိုအပ်ပြီး၊ (၁၂)လကျော်သာ ကျန်တော့သည့် ပေါ့ဘာ၏ အနာဂတ်အတွက် အမြန်ဆုံးပြေလည်အောင် ဖြေရှင်းရန်လိုအပ်သည်ဟုလည်း ယူဆလျက်ရှိသည်။

ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းဝက်ဘ်ဆိုက်နှင့် တွေ့ဆုံရာတွင်လည်း “ကျွန်တော့်အထင်တော့ ကွင်းထဲမှာ ကျွန်တော်တို့ နှစ်ဦးစလုံးအတူရှိနေတာက နှစ်ဦးစလုံးအတွက် အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ အတူတွဲကစားရင် ကျွန်တော်တို့ပိုပြီး ကောင်းအောင်ကစားနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် လက်ရှိအချိန်တွင် မန်ယူအသင်း၏ ပထမကစားသမားများထဲ၌ လစာအနိမ့်ဆုံးရကစားသမားများထဲတွင် ပါဝင်နေသူဖြစ်ပြီး မန်ယူအသင်းနှင့် ချုပ်ဆိုမည့် နှစ်ရှည်စာချုပ်တွင် လက်ရှိလစာထက် (၂) ဆတိုးပေးသွားမည်ဟု သိရှိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular