နာပိုလီအသင်းသည် လာမည့်ရာသီအတွက် ဝတ်စုံစပွန်ဆာရရှိရန် အခက်အခဲတွေ့နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် နာပိုလီအသင်းကို Kappa မှ ဝတ်စုံစပွန်ဆာပေးထားပြီး လာမည့်ဇွန်လကုန်ဆုံးချိန်၌ စာချုပ်သက်တမ်း ပြည့်မည်ဖြစ်သည်။
နာပိုလီအသင်းကို Legea နှင့် Marcon ကုမ္ပဏီများမှ ဝတ်စုံစပွန်ဆာပေးရန် ကမ်းလှမ်းထားသော်လည်း သဘောတူညီမှုမရသေးကြောင်း သိရသည်။
Calciomercato ၏ ဖော်ပြချက်အရ နာပိုလီအသင်းသည် ဝတ်စုံစပွန်ဆာအသစ်ရရှိရန် အဆင်မပြေပါက ကိုယ်တိုင်ဒီဇိုင်းထုတ်လုပ်၍ ဝတ်ဆင်သွားရန်စီစဉ်ထားကြောင်း သိရသည်။
၂၀၁၃-၁၄ ရာသီတွင် ရိုးမား အသင်းသည် ကိုယ်ပိုင်ဝတ်စုံဒီဇိုင်းဖြင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။