spot_img

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်း ငှက်ဖျားရောဂါကြောင့် ဆေးရုံ၌ ကုသမှုခံယူခဲ့ရ

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းသည် နိုင်ငံလက်ရွေးစင်အသင်းဖြစ်သည့် ဂါဘွန်အတွက် သွားရောက်ကစားခဲ့စဉ် ငှက်ဖျားကူးစက်ခံရပြီး ဆေးရုံ၌ကုသမှုခံယူခဲ့ရကြောင်း သိရသည်။

၎င်းသည် မတ်လ(၂၅)ရက်က ကစားခဲ့သော ဂါဘွန်(၃-၀)DRကွန်ဂို အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲတွင် ဝင်ရောက်ကစားကာ အနိုင်ဂိုးတစ်ဂိုး သွင်းပေးခဲ့ပြီး အသင်းကိုလည်း ခြေစစ်ပွဲအောင်မြင်စေခဲ့သည်။

myan789

ယင်းနောက် ဧပြီလ(၈)ရက်က ကစားခဲ့သော ယူရိုပါလိဂ်ပထမအကျော့ပွဲတွင် ပါဝင်ကစားခဲ့သော်လည်း ပြီးခဲ့သည့်တနင်္ဂနွေနေ့က ရှက်ဖီးယူနိုက်တက်နှင့် ပရီးမီးယားလိဂ်ပွဲ၊ ယူရိုပါလိဂ်ဒုတိယအကျော့ပွဲများကို လွဲချော်ခဲ့ရသည်။

” အခုအပတ်မှာ ကျွန်တော် ရက်အနည်းငယ်လောက် ဆေးရုံမှာ ကုန်ဆုံးခဲ့ရတယ်။ တစ်နေ့ထက်တစ်နေ့ ပိုသက်သာလာပြီလို့ ခံစားရပါတယ်။ လျင်မြန်စွာသက်သာအောင် ကုသပေးခဲ့တဲ့ ဆရာဝန်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက ကျွန်တော့်ကိုယ်ကျွန်တော် အားမရခဲ့ပါဘူး။ ဒါပေမဲ့ ပိုမိုကျန်းမာကြံ့ခိုင်မှုနဲ့ ကျွန်တော် ပြန်လာပါလိမ့်မယ်”ဟု အူဘာမီယန်းက Instagram တွင် ရေးသားခဲ့သည်။

ငှက်ဖျားရောဂါသည် ခြင်မှကူးစက်သည့် ရောဂါဖြစ်ပြီး ကူးစက်ခံရသည့်နေ့မှ (၇)ရက်မှ (၁၈)ရက်အကြား ရောဂါလက္ခဏာပြသလေ့ရှိကာ လူအချင်းချင်းကူးစက်စေမှု မရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular