လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းအတွက် ဝမ်းနည်းမိသော်လည်း လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ရီးယဲလ်အသင်းကို နှစ်ကျော့ပေါင်း(၁-၃)ဂိုးဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
ယာဂန်ကလော့ပ်က ”ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရတဲ့အတွက် ဝမ်းနည်းမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းက ဒီပြိုင်ပွဲကို တန်ဖိုးထားတာကြောင့်ပါ။ ဒါကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ တိုက်ပွဲဝင်သွားမှာပါ။ ဒီအတွက် တခြားပြိုင်ဘက်အသင်းတွေထက် အမှတ်တွေ ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်ပြီးအာရုံစိုက်ရမယ့်အချိန်ပါပဲ” ဟုပြောကြားခဲ့သည်။