spot_img

မန်စီးတီးနှင့်ကစားမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်ကို ဆန်ချို လွဲချော်မည်

ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုသည် မန်စီးတီးအသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။

အသက် (၂၁)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ပြုလုပ်သည့် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ပေါင်ဒဏ်ရာရရှိခဲ့သည်။

myan789

ဆန်ချိုအနေဖြင့် ဒဏ်ရာမှပြန်လည်သက်သာလာပြီး လေ့ကျင့်ခန်းများပြန်လည်ပြုလုပ်နေပြီဖြစ်သော်လည်း ယနေ့(ဧပြီလ ၁၄ ရက်)ကစားမည့် မန်စီးတီးနှင့်ပွဲမှာ ၎င်းအတွက် စောလွန်းနေသေးကြောင်း ဒေါ့မွန်နည်းပြ တာဒစ်က ပြောကြားခဲ့သည်။

တာဒစ်က “ဆန်ချိုအနေနဲ့ လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ မန်စီးတီးနဲ့ ကစားမယ့်ပွဲမှာ ဆန်ချိုကို ပါဝင်စေချင်ပေမဲ့ သူ့အနေနဲ့ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဆန်ချိုရဲ့ ဒဏ်ရာအခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ။ မန်စီးတီးနဲ့ပွဲကို သူ လွဲချော်မှာဖြစ်ပေမဲ့ အမြန်ဆုံးပြန်ကစားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဒေါ့မွန်အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)တွင် မန်စီးတီးအသင်းကို အဝေးကွင်း၌ (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့အဖြစ် ယနေ့တွင် အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular