လီဗာပူးလ်အသင်းသည် အသင်းမှ စီနီယာကစားသမား (၄)ဦးအား စာချုပ် သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်းသည် အီဂျစ် တိုက်စစ်မှူး ဆာလာ၊ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်၊ ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ညို၊ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်တို့အား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ပြီး ၎င်းတို့ထဲတွင် ဆာလာကို စာချုပ်သစ်ချုပ်နိုင်ရန် ဦး စားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆာလာ၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်အထိဖြစ်သော်လည်း ၎င်းမှာ အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး အသင်းမှထွက်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။