ဂျူဗင်တပ်စ်အသင်း၏ နည်းပြဖြစ်သူ ပီယာလိုက ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်း၏ ရလဒ်များကျဆင်းခဲ့ခြင်းမှာ သူကိုယ်တိုင် အမှား များစွာကျူးလွန်ခဲ့ခြင်းကြောင့်ဖြစ်ပြီး အနာဂတ်တွင် ယင်းအမှားများကို ထပ်မံပြုလုပ်တော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် စီးရီးအေပွဲစဉ်တွင် နာပိုလီအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းပွဲတွင် ဂျူဗင်တပ်စ်အသင်းအ တွက် ဂိုးများကို ပီယာလို ကာလရှည်ပစ်ပယ်ထားပြီး၊ ပုံမှန်နေရာမပေးသည့် ဒီဘားလားနှင့် အသင်း၏ အဓိက ဂိုးသွင်းရှင် စီရော်နယ်လ်ဒိုတို့က သွင်းယူခဲ့ကြသည်။
ပီယာလိုက ယင်းပွဲအပြီးတွင် “ကျွန်တော် အမှားတွေ အများကြီး ကျူးလွန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်မှာပါပဲ။ နည်းပြဘဝရဲ့ ပထမဆုံးနှစ်ဟာ ကျွန်တော့်အတွက်တော့ မလွယ်ကူပါဘူး။ တစ်ခါတစ်ရံမှာ ကိုယ့်ဆုံးဖြတ်တွေနဲ့ပဲ ကိုယ့်ကိုယ်ကို လွှင့်ပစ်မိတာတွေလည်း ရှိပါတယ်။ အဓိက ကတော့ အသင်းကို ပိုကောင်း လာနိုင်သလားဆိုတဲ့ စိတ်ကူးတွေနဲ့ ပါပဲ။ တစ်ခါတရံတော့ မှန်သွားတာ တွေရှိပြီး တချို့ကိစ္စတွေမှာတော့ အ မှားတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ လူတိုင်းကျူးလွန်လေ့ရှိတဲ့ အမှားတွေကိုပဲ ကျွန်တော်မှားခဲ့တာပါ။ ပြီးတော့ ဒီအမှားတွေကနေ သင်ခန်းစာယူနေပြီး အနာဂတ်မှာ ဒီလိုအမှားတွေထပ်ပြီး မကျူးလွန်မိအောင် ကြိုးစားသွားပါမယ်” ဟု ပြောကြားခဲ့သည်။