ချယ်လ်ဆီးအသင်း၏ ပြင်သစ်ကွင်းလယ်လူ ကွန်တေသည် ယနေ့ကစားမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် (ပထမအကျော့)ပွဲစဉ် ပေါ်တို – ချယ်လ်ဆီးပွဲတွင် ပါဝင်ကစားနိုင်ရန် မသေချာကြောင်း ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ထုတ်ဖော်ပြောကြားခဲ့ သည်။
ကွန်တေသည် ပြီးခဲ့သည့်နိုင်ငံတကာ ရက်သတ္တပတ်အတွင်း ပြင်သစ်လက်ရွေးစင် အသင်း၌ကစားစဉ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းသိုု့ စောစောစီးစီး ပြန်လည်ရောက်ရှိလာသူဖြစ်သည်။
၎င်း၏ဒဏ်ရာအခြေအနေအရ ချန်ပီယံလိဂ်ပွဲစဉ် ပေါ်တိုနှင့်ပွဲ၌ ပါဝင်နိုင်ရန် မသေချာသေး ကြောင်း၊ လက်ရှိတွင် ကွန်တေသည် တစ်ဦးတည်းလေ့ကျင့်ခန်းပြုလုပ်လျက်ရှိနေပြီး မိမိတို့အနေဖြင့် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းရန် လိုအပ်ကြောင်း တူဟယ်လ်က မီဒီယာများကို ပြောကြားခဲ့သည်။