spot_img

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်(ပထမအကျော့) ပွဲကြိုသုံးသပ်ချက်

ပေါ်တို – ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် နံနက် ၁:၃၀ နာရီ)
နောက်ဆုံးပွဲမှာ ဝက်စ်ဘရွန်းကိုမထင်မှတ်ဘဲ ဂိုးပြတ်ရှုံးခဲ့ပေမဲ့ ခြုံကြည့်ရင်တော့ ချယ်လ်ဆီးရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းက ကောင်းမွန်နေပါတယ်။ ပေါ်တိုက ပေါ်တူဂီလိဂ်မှာ ခြေငြိမ်နေတာတွေ့ရတယ်။ ပြီးခဲ့တဲ့ အဆင့်မှာလည်း ဂျူဗင်တပ်စ်ကို ခက်ခက်ခဲခဲ ကျော် ဖြတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းအရတော့ ချယ်လ်ဆီးက ပေါ်တိုကို မရှုံးအောင် ကစားနိုင်ပါလိမ့်မယ်။

ဘိုင်ယန်မြူးနစ် – PSG (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် နံနက် ၁:၃၀ နာရီ)
မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့ပြီး ဘိုင်ယန်မြူးနစ်က ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ ဒီပွဲမှာလည်း ဘိုင်ယန်မြူးနစ်က အနည်းငယ်အသာစီးရနေတဲ့ အနေအထားဖြစ်ပေမဲ့ PSG ကလည်း နေမာ၊ ဘာပေတို့နဲ့ ဘိုင်ယန်မြူးနစ်ကို လက်စားချေဖို့ အသင့်ရှိနေလိမ့်မယ်။ ဘိုင်ယန်မြူးနစ်ရဲ့ ၂၀၁၉-၂၀ ရာသီ ခြေစွမ်းက Bar မြင့်လွန်းလို့ ဒီရာသီမှာ အဲ့ဒီပုံစံကို မမီပေမဲ့ အားကောင်းနေဆဲ၊ နိုင်ပွဲတွေ ဆက်တိုက်ယူနေဆဲဆိုတာ တွေ့ရပြီး ပိုချက်တီနိုရဲ့ PSG ထက် ခြေစွမ်းပိုတည် ငြိမ်တာလည်း တွေ့ရတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အတွက် သတင်းဆိုးက အားထားရတဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီး ဒီပွဲကို လွဲချော်တာဖြစ်ပြီး PSG ကတော့ နေမာ မပါဘဲ ဘာစီလိုနာကို ကျော်ဖြတ်ခဲ့တဲ့အသင်းဖြစ်တယ်။ ဘာပေက PSG အတွက် ဟက်ထရစ်သွင်းယူပေးခဲ့ပြီး တိုက်စစ်ကို ဦးဆောင်ခဲ့သလို၊ ဒီပွဲမှာလည်း နေမာနဲ့ ပြန်တွဲဖက်ပေါက်ကွဲဖို့ အသင့်ဖြစ်နေလိမ့်မယ်။ လိုက်ပ်ဇစ်နဲ့ပွဲက ဘိုင်ယန်၊ လိုင်လီနဲ့ပွဲက PSG တို့ရဲ့ ခြေစွမ်းတွေက ခြေစွမ်းအမှန်လို့ ပြောဖို့ခက်ပြီး နှစ်သင်းစလုံးက ဒီပွဲကို အပြည့်အဝ အာရုံစိုက်ထားလိမ့်မယ်။ ဒီနှစ်သင်းရဲ့နောက်ပိုင်းထိပ်တိုက်တွေ့ဆုံမှုတွေကို ကြည့်ရင် အိမ်ရှင်အသင်းတွေက အားသာလေ့ရှိတာတွေ့ရပြီး ဒီပွဲလည်း ဘိုင်ယန်မြူးနစ် (၂-၁)လောက်နဲ့ နိုင်မယ်ထင်တယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular