spot_img

(၃)ဦးပေါင်း ပေါင်(၁၇၄.၅)သန်းတန်သည့် အာဆင်နယ်တိုက်စစ်၏ဆိုးရွားမှုကို ဘောလုံးဝေဖန်သူများ လှောင်ပြောင်ခဲ့ပြီး ပရိသတ်များကို အာတီတာတောင်းပန်

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ် (၀-၃) လီဗာပူးလ်ပွဲ၌ အာဆင်နယ်တိုက်စစ်၏ ဆိုးရွားသော စွမ်းဆောင်ရည်ကို ဘောလုံးဝေဖန်သူများက လှောင်ပြောင်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပြီး ယင်းပွဲအပြီးတွင် အာဆင်နယ်အသင်းနည်းပြ အာတီတာကလည်း သူ့အသင်း၏ ဆိုးရွားသောစွမ်းဆောင်ရည်အတွက် ပရိသတ်များကို ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။

ယင်းပွဲတွင် အာဆင်နယ်အသင်း၏တိုက်စစ်၌ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်း၊ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး လာကာဇက်နှင့် အိုင်ဗရီကို့စ်တောင်ပံတိုက်စစ်ကစားသမား ပေပေတို့ ပွဲထွက်ကစားခဲ့ကြသည်။

myan789

အသင်းတွင် ယခုနောက်ပိုင်းပွဲစဉ်များ၌ ပုံမှန်ကစားခွင့်ရရှိနေသော အင်္ဂလန်တောင်ပံကစားသမား ဆာကာ၊ အင်္ဂလန်ကွင်းလယ်လူ စမစ်ရိုး အစရှိသည့် အာဆင်နယ်အကယ်ဒမီထွက်လူငယ်ကစားသမားများမပါဝင်နိုင်၍ ယင်းနာမည် ကြီးကစားသမား (၃)ဦးက ယခုဘောလုံးရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အတူတကွ ပွဲထွက်လာခဲ့ခြင်းဖြစ်သည်။

၎င်းတို့ (၃)ဦးမှာ အာဆင်နယ်အသင်းသမိုင်းကြောင်းတစ်လျှောက် ကြေးအကြီးဆုံးကစားသမားများအဖြစ် မှတ်တမ်းဝင်ထားကြသူများဖြစ်ပြီး (၃)ဦးပေါင်း၏ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ပေါင်(၁၇၄.၅)သန်းတန်ကြေးရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

သို့သော် ၎င်းတိုက်စစ်ကစားသမား (၃)ဦးမှာ လီဗာပူးလ်အသင်း နောက်တန်းကို ဒုက္ခမပေးနိုင်ခဲ့ဘဲ ဂိုးတစ်ဂိုးမျှ သွင်းယူနိုင်ခဲ့ခြင်းမရှိပေ။

ယင်းပွဲတွင် လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းဘက်သို့ ဂိုးကန်သွင်းမှု(၁၆)ကြိမ်ရှိခဲ့သော်လည်း၊ အာဆင်နယ်အသင်းက လီဗာပူးလ်အသင်းဘက်သို့ ဂိုးကန်သွင်းမှု (၃)ကြိမ်သာရှိပြီး (၂)ကြိမ်သာ ဂိုးပေါက်တည့်ခဲ့သည်။

ယင်းပွဲကို Sky Sports ရုပ်သံတွင် ဝေဖန်သုံးသပ်နေသော လီဗာပူးလ်ကွင်းလယ်လူဟောင်း ဂျေမီရက်နက်ပ်နှင့် မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်တို့က အာဆင်နယ်အသင်း၏တိုက်စစ်အားနည်းမှုကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။

ဂယ်ရီနဗီးလ်က မိမိနှင့် (Sky Sports ရုပ်သံတွင် အစီအစဉ်တင်ဆက်နေသော) မာတင်တေလာတို့ လီဗာပူးလ်အသင်းနောက်တန်းတွင် ပါဝင်ကစားလျှင်ပင် အာဆင်နယ်အသင်း၏တိုက်စစ်ကို ကောင်းကောင်းထိန်းနိုင်လိမ့်မည်ဟု လှောင်ပြောင်ဝေဖန်ခဲ့သည်။

ယင်းပွဲအပြီးတွင် အာဆင်နယ်အသင်းနည်းပြ အာတီတာက ”လီဗာပူးလ်အသင်းဟာ ထိုက်ထိုက်တန်တန်နိုင်ပွဲရခဲ့တာပါ။ ဒီထက်တောင် ဂိုးပြတ်နိုင်ပါတယ်။ သူတို့က အစစအရာရာသာပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို ကျွန်တော် တောင်းပန်ပါတယ်။ ကွင်းထဲမှာ စွမ်းဆောင်ခဲ့တဲ့အရာတွေအတွက် တောင်းပန်ပါတယ်။ ကျွန်တော့်မှာ တာဝန်အပြည့်အဝရှိပါတယ်။ ဒီပွဲမှာ ပြိုင်ဘက်ကို ကျွန်တော်တို့ ဘယ်နေရာမှာမှ မယှဉ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ အဆိုးဆုံးပွဲတစ်ပွဲပါပဲ” ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular