မန်ယူအသင်းသည် စပါးအသင်း၏ ပြင်သစ်ဝါရင့်ဂိုးသမား ဟူဂိုလိုရစ် အား ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
စပါးအသင်းအတွက် (၉)နှစ်ကြာကစားခဲ့သူ ဟူဂိုလိုရစ်သည် ယခုနွေရာသီတွင် စပါးအသင်းမှထွက်ခွာမည်ဟု သတင်းများ ထွက်ပေါ်နေသူဖြစ်ပြီး ဥရောပအသင်းအချို့က ၎င်းအား ပစ်မှတ်ထားနေကြသည်။
မန်ယူအသင်းသည် လက်ရှိ နံပါတ် (၁)ဂိုးသမားဖြစ် သူ စပိန်ဂိုးသမား ဒီဟေးယားနှင့် ရာသီကုန်တွင်လမ်းခွဲပြီး လိုရစ်ကိုအစားထိုးရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။
အသက် (၃၄)နှစ်အရွယ်ရှိ ပြီဖြစ်သူ လိုရစ်သည် ၂၀၁၂ ခုနှစ်တွင် လိုင်ယွန်မှ စပါးသို့ရောက်ရှိလာပြီး ပြိုင်ပွဲစုံ (၃၆၃)ပွဲ ကစားထားသည်။