နယ်သာလန်အသင်း၏ ဂန္ထဝင်ကစားသမား ဂူးလစ်က လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်၏ ယူရိုမျှော်လင့်ချက်အတွက် မှတ်ချက်ပေးခဲ့ပြီး လီဗာပူးလ်အသင်းတွင် ပါဝင်ကစားနိုင်မှသာ နယ်သာလန်လက်ရွေးစင်အသင်းနှင့်အတူ ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရန် မျှော်လင့်နိုင်မည်ဟု ပြောကြားခဲ့သည်။
ဗန်ဒိုက်သည် ဒဏ်ရာပြဿနာကြောင့် ယခုတစ်ရာသီလုံးနီးပါး အနားယူနေရ သော်လည်း လာမည့်နွေရာသီတွင် ကျင်းပမည့် ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ပါဝင်ကစားခွင့်ရရှိရန် မျှော်လင့်နေသည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ ဂူးလစ်က “ဗန်ဒိုက်က ယူရိုအမီ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဖြစ်နိုင်ခြေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲမတိုင်ခင် လီဗာပူးလ်အသင်းမှာ ပွဲအနည်းငယ် လောက် ပါဝင်ကစားနိုင်ဖို့တော့ လိုအပ်ပါတယ်။ ဒီအချက်က နယ်သာလန်အသင်း အတွက် အရေးကြီးပါတယ်”ဟု ပြောကြားခဲ့သည်။