မန်ယူအသင်းနည်းပြဆိုးလ်ရှားသည် လာမည့်နွေရာသီတွင် စပိန်ဂိုးသမားဒီဟေးယားကို ရောင်းထုတ်ပြီး အင်္ဂလန်လက်ရွေးစင်ဂိုးသမား ဒင်းန်ဟန်ဒါဆန်အား နံပါတ်(၁)ဦးစားပေးဂိုးသမားအဖြစ်ထားရှိရန် စဉ်းစားနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
မန်ယူအသင်းသည် ဒီဟေးယားအားခေါ်ယူရန် ကမ်းလှမ်းမှုများကို လက်ခံသွားရန်ပင်အသင့်ရှိနေကြောင်း သိရှိရသည်။
ဒီဟေးယားသည် မန်ယူအသင်းတွင် ၂၀၁၁ ခုနှစ်ကတည်းက ကစားခဲ့သူဖြစ်ပြီး ယခုရာသီတွင် အရန်ဂိုးသမား ဟန်ဒါဆန်၏ နေရာခြိမ်းခြောက်မှုကို ခံနေရသူ ဖြစ်သည်။
ဆိုးလ်ရှားသည် မန်ယူအကယ်ဒမီထွက် ဂိုးသမား ဟန်ဒါဆန်ကို အသင်း၏ရေရှည်ဂိုးသမားတစ်ဦးအဖြစ် ရှိနေစေလိုကြောင်း သိရှိရသည်။