spot_img

စီးရီးအေပွဲစဉ်-၂၆ နှင့် လာလီဂါပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက်

အင်တာမီလန် – အတ္တလန်တာ (မြန်မာစံတော်ချိန် မတ်လ ၉ ရက် နံနက် ၂း၁၅ နာရီ)
လက်ရှိအချိန်မှာ စီးရီးအေရဲ့ Form အကောင်းဆုံးအသင်းနှစ်သင်း ထိပ်တိုက်ဆုံတွေ့နေတာပါ။ နှစ်သင်းစလုံးက လက်ရှိရာသီစီးရီးအေရဲ့ တိုက်စစ်အထက်မြက်ဆုံးအသင်းတွေလည်း ဖြစ်နေပြန်တယ်။ အတ္တလန်တာက နေရာစုံကနေ ဂိုးသွင်းယူ နိုင်တဲ့ကစားသမားတွေ ပိုများပြီး အင်တာမီလန်ကတော့ သွင်းဂိုးတွေအတွက် လူကာကူနဲ့ လော်တာရိုမာတီနက်ဇ်ကို မှီခိုနေရဆဲပဲ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်ထဲရောက်ရှိချိန်မှာ အဲရစ်ဆင်နဲ့ ပါရီဆစ်တို့ရဲ့ အခန်းကဏ္ဍဟာ အင်တာမီလန်အတွက် ပိုပြီးအရေးပါ လာတယ်။ သိသာထင်ရှားတဲ့ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ အများကြီးမလုပ်ပေးနိုင်သေးပေမဲ့ အင်တာမီလန်တိုက်စစ်ရဲ့အသက်သွေးကြောတွေ ဖြစ်လာကြတယ်။ ပထမအကျော့တုန်းက (၁)ဂိုးစီသရေကျပြီး နှစ်သင်းပေါင်းသွင်းဂိုးနည်းခဲ့ပေမဲ့ ဒီပွဲမှာ နှစ်သင်း ပေါင်းသွင်းဂိုးများပါလိမ့်မယ်။ အင်တာမီလန် အမှတ်လျော့သွားနိုင်တယ်။

ဘက်တစ် – အလာဗတ်စ် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် နံနက် ၂း၃၀ နာရီ)
လက်ရှိအလာဗတ်စ်ရဲ့ခြေစွမ်းနဲ့တော့ တစ်ပွဲပြီးတစ်ပွဲ ခြေငြိမ်လာတဲ့ ဘက်တစ်ကို အဝေးကွင်းမှာ တောင့်ခံကစားဖို့ လွယ်မယ်မထင်ဘူး။ ဘက်တစ်က အိမ်ကွင်းဆို အမှားနည်းအောင်ကစားတဲ့အသင်းပါ။ ဘက်တစ်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular