spot_img

ယူရိုပါလိဂ်ကွင်းအပြောင်းအလဲမှာ မြောက်လန်ဒန်ဒါဘီ၌ စပါးအသင်း အားသာချက်ရရှိစေမည့် ဆုံးဖြတ်ချက်ဟု အာတီတာ ဝေဖန်ပြစ်တင်

အာဆင်နယ်နည်းပြ အာတီတာသည် စပါးအသင်း၏ ယူရိုပါလိဂ် ကွင်းအပြောင်းအလဲကို မကျေမနပ်ဖြစ်နေပြီး မြောက်လန်ဒန်ဒါဘီပွဲ၌ ပြိုင်ဘက်အသင်း အားသာချက်ရရှိစေမည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။

စပါးအသင်းသည် မူလက ဒိုင်နမိုဇာဂရက်နှင့် ယူရိုပါလိဂ်ပထမအကျော့ပွဲစဉ်ကို အဝေးကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း UEFA က အိမ်ကွင်းတွင် ပြောင်းလဲယှဉ်ပြိုင်ရန် ဆုံးဖြတ်ပေးခဲ့သည်။ (သတင်းအ ပြည့်အစုံကို စာမျက်နှာ-၁၀ တွင်ဖော်ပြထား)။

myan789

ယင်းပွဲမှာ ပရီးမီးယားလိဂ်၌ အာဆင်နယ်နှင့် စပါးအသင်းတို့ ထိပ်တိုက်ရင်ဆိုင်ရမည့် မြောက်လန်ဒန်ဒါဘီပွဲမတိုင်မီ ယှဉ်ပြိုင်ရမည်ဖြစ်ရာ ယူရိုပါလိဂ်အဝေးကွင်းပွဲကစားပြီး ပြန်လာရမည့် မိမိတို့ထက် စပါးအသင်းက အားသာချက်ရရှိသွားစေသည်ဟု အာတီတာက ဝေဖန်ခဲ့ခြင်းဖြစ်သည်။

အာတီတာက “ကျွန်တော်တို့ရဲ့အသံကို အားလုံးသိအောင် ဖော်ပြနိုင်သလို၊ ဖော်ပြသင့်တယ်လို့လည်း ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းနှစ်သင်း တူညီတဲ့ အခြေအနေမျိုးနဲ့ ယှဉ်ပြိုင်ခွင့်ရချင်လို့ပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဆုံးဖြတ်ချက် ချမှတ်ပြီးသွားပါပြီ။ ဘာမှအပြောင်းအလဲလုပ်လို့ မရတော့ပါဘူး” ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် မြောက်လန်ဒန်ဒါဘီပွဲမတိုင်မီ ဂရိနိုင်ငံသို့ ယူရိုပါလိဂ်အဝေးကွင်းပွဲ သွားရောက်ကစားရမည်ဖြစ်၍ အသွားအပြန် မိုင်(၃၀၀၀)နီးပါး ခရီးနှင်ရမည်ဖြစ်ရာ ခရီးပန်းမှုဒဏ် ခံစားရဖွယ်ရှိနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular