လာဇီယို – တိုရီနို (မြန်မာစံတော်ချိန် မတ်လ ၃ ရက် နံနက် ဝဝးဝ၀ နာရီ)
လာဇီယိုက စီးရီးအေဘက်ကိုပဲ အထူးအာရုံစိုက်ရပါမယ်။ သူတို့အသင်းရဲ့ခံစစ်စုဖွဲ့မှုက အမြဲလိုလို စိုးရိမ်စရာကောင်းနေတယ်ဆိုတာ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ပိုထင်ရှားခဲ့ပြီး စီးရီးအေမှာလည်း သိပ်ပြီးစိတ်မချရပါဘူး။ ရလဒ်တွေ ပြန်လည်ဦးမော့လာချိန်ကျမှ ကိုရိုနာဗိုင်းရပ်စ်ပိုးက တိုရီနိုကို ပြန်မွှေနေပါတယ်။ ဒီပွဲမှာ အဓိကကစားသမားများစွာ မပါဝင်နိုင်သလို၊ ပုံမှန်အတိုင်းကစားဖြစ်ဖို့လည်း မသေချာဘူး။ လာဇီယို အနိုင်သေချာပြီး (၂)ဂိုးလည်း ပြတ်သင့်ပါတယ်။
ဂျူဗင်တပ်စ် – စပီဇီယာ (မြန်မာစံတော်ချိန် မတ်လ ၃ ရက် နံနက် ၂း၁၅ နာရီ)
ဒီပွဲပြီးရင် ဂျူဗင်တပ်စ်က စီးရီးအေမှာ လာဇီယို၊ ချန်ပီယံလိဂ်မှာ ပေါ်တိုနဲ့ ပွဲကျပ်ဆက်တိုက်ရင်ဆိုင်ရပါမယ်။ နည်းပြ ပီယာလိုက ပြီးခဲ့တဲ့ဗီရိုနာအသင်းနဲ့ပွဲမှာ လူငယ်အများစုကို အသင်းလူစာရင်းထဲထည့်ခဲ့တာ တွေ့ရတယ်။ ဒီပွဲမှာလည်း အဓိက ကစားသမားတချို့ကို ဂျူဗင်တပ်စ် အနားပေးထားဦးမယ်ထင်တယ်။ စပီဇီယာက နောက်ပိုင်းပွဲတွေမှာ မထင်မှတ်တာတွေလုပ်ပြနေလို့လည်း ဂျူဗင်တပ်စ်သာ လူမစုံရင် ဒုက္ခပေးပါလိမ့်မယ်။ ဂျူဗင်တပ်စ် (၂)ဂိုးပြတ်၊ မပြတ်စဉ်းစားရမယ်။