မန်ယူအသင်းသည် အသင်း၏ဝါရင့်တိုက်စစ်မှူး ကာဗာနီကို စာချုပ်သက်တမ်းမတိုးပါက လျော်ကြေးငွေ ယူရို(၂)သန်း(ပေါင် ၁ .၇၅ သန်း)ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၀ အောက်တိုဘာလက ပြင်သစ်ကလပ် PSG အသင်းထံမှ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ကာဗာနီအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခဲ့သည်။
ထိုစဉ်က နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရ မန်ယူအသင်းသည် ကာဗာနီကို တစ်နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်ကုန်ဆုံးချိန်တွင် နောက်ထပ်တစ်နှစ်သက်တမ်းတိုးရန် သဘောတူညီချက်ပါရှိခဲ့သည်။
အကယ်၍ ၎င်းအား နောက်ထပ်စာချုပ်သစ် မချုပ်ဆိုခဲ့ပါက နစ်နာကြေးအဖြစ် ယူရို(၂) သန်းပေးသွားမည်ဆိုသည့်အချက်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
နည်းပြ ဆိုးလ်ရှားကမူ အသင်းတွင် ကာဗာနီဆက်ရှိစေရန် ဆန္ဒရှိနေကြောင်း သိရသည်။