spot_img

အီတလီစီးရီးအေပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်

ဆမ်ဒိုးရီးယား – အတ္တလန်တာ (တနင်္ဂနွေညနေ ၆းဝ၀ နာရီ)
ဆမ်ဒိုးရီးယားက အိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ (၂)ပွဲရှုံး ထားပေမဲ့ အင်တာမီလန်လိုအသင်းကို နိုင်ပွဲယူထားလို့ လျှော့ တွက်လို့မရဘူး။ အတ္တလန်တာတိုက်စစ်ကို ဆမ်ဒိုးရီးယား ထိန်း ချုပ်ရခက်နိုင်သလို၊ ကီတာဘယ်လ်ဒီ ဦးဆောင်မယ့် ဆမ်ဒိုးရီး ယား တန်ပြန်တိုက်စစ်ကိုလည်း အတ္တလန်တာ သတိထားရပါ မယ်။ ပုံမှန်အတိုင်းဆိုရင် နှစ်သင်းပေါင်း သွင်းဂိုးများနိုင်ပြီး ဆမ် ဒိုးရီးယား အမှတ်ရမယ်ထင်တယ်။

ခရိုတိုနီ – ကာဂလီယာရီ (တနင်္ဂနွေည ၈း၃၀ နာရီ)
ခရိုတိုနီက နောက်ဆုံး (၆)ပွဲမှာ နိုင်ပွဲ (၁)ပွဲရထားပြီး ကာ ဂလီယာရီကတော့ နောက်ဆုံး (၆)ပွဲဆက်နိုင်ပွဲပျောက်ဆုံးထား ကာ အောက်ဆုံးက ခရိုတိုနီထက် အခြေအနေပိုဆိုးနေတယ်။ ဒီပွဲက ဘယ်လိုပဲဖြစ်ဖြစ် ကာဂလီယာရီ နိုင်ပွဲပြန်ရှာရမယ့်ပွဲပါပဲ။ နည်းပြပြောင်းထားတဲ့ ကာဂလီယာရီ အနိုင်သေချာပါတယ်။

myan789

အူဒီးနီးစ် – ဖီအိုရင်တီးနား (တနင်္ဂနွေည ၈း၃၀ နာရီ)
ဖျက်မြင်းတွေဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးကြပေမဲ့ နှစ်သင်းစလုံး အဆင့် (၁၀)ပြင်ပကို ရောက်ရှိနေကြတယ်။ အူဒီး နီးစ်က ဖီအိုရင်တီးနားထက် ကစားပုံစုစည်းမှုရှိပြီး အိမ်ကွင်းမှာ အာရုံပိုစိုက်လို့ အမှတ်ရပါလိမ့်မယ်။

အင်တာမီလန် – ဂျီနိုအာ (တနင်္ဂနွေည ၈း၃၀ နာရီ)
အင်တာမီလန်က ချန်ပီယံခြေစွမ်းပြနေပါပြီ။ စီးရီးအေ တစ်ခုတည်းကို အာရုံစိုက်ခွင့်ရနေတာကလည်း အားသာချက် ဖြစ်နေတယ်။ လော်တာရိုမာတီနက်ဇ်နဲ့ လူကာကူက ဂိုးတွေမြူး နေတာတွေ့ရပြီး ဒါဟာ ပါရီဆစ်ကိုသုံးကာ တောင်ပံတိုက်စစ် စစ်စစ်ကစားတဲ့အကျိုးဆက်ကြောင့်ပါပဲ။ ဂျီနိုအာက နောက်ဆုံး (၆)ပွဲဆက်ရှုံးပွဲမရှိပေမဲ့ ဒီပွဲမှာ အင်တာမီလန်ကို အရှုံးပေးရပါ မယ်။ အင်တာမီလန် (၂)ဂိုးပြတ်၊ မပြတ်ဘဲ ကြည့်ရမယ်။

နာပိုလီ – ဘင်နီဗန်တို (တနင်္ဂနွေည ၁၁း၃၀ နာရီ)
ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိရေးက နာပိုလီအတွက် အဓိက ပစ်မှတ်ပါ။ ဒါပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် နာပိုလီရဲ့က စားပုံတည်ငြိမ်မှုမရှိဘဲ ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိရေးအတွက် မရေမရာဖြစ်နေတယ်။ ဘင်နီဗန်တိုက နောက်ဆုံး (၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပေမဲ့ (၄)ပွဲအထိ ပြိုင်ဘက်တွေဆီကနေ အမှတ်ခွဲယူထားနိုင်လို့ နာပိုလီတိုက်စစ်မှာ လူမစုံဘူးဆိုရင် (၁) ဂိုးထက်ပိုရှုံးဖို့ မရှိပါဘူး။

ရိုးမား – အေစီမီလန် (တနင်္လာနံနက် ၂း၁၅ နာရီ)
အေစီမီလန်ရဲ့ ဖန်တီးနိုင်စွမ်းအားနိမ့်ကျသွားတာ မြင်နေရတယ်။ ချာဟာနိုဂလူး၊ ရယ်ဘစ်တို့နဲ့ လူပြန်စုံလာပြီးမှ အခုလို ဖြစ်သွားတာ အံ့အားသင့်စရာလည်းကောင်းတယ်။ အေစီမီလန်ရဲ့ ဟန်ချက်ယိမ်းယိုင်သွားခြင်းနောက်ကွယ်မှာ လူငယ်နဲ့ အတွေ့အကြုံရင့်ကစားသမားတွေကြား အချိုးအစားညီမျှစွာပေါင်းစပ်နိုင်မှုမရှိသေးတာက အဓိကအချက်လိုဖြစ်နေတယ်။ ရိုးမားကလည်း ယုံကြည်လို့သိပ်မရဘူး။ နည်းပြ ဖွန်ဆီကာရဲ့အသင်းက တိုက်စစ်ဦးစားပေးပုံစံမျိုး တည်ဆောက်ထားပြီး ဒီရာသီ စီးရီးအေရဲ့ တိုက်စစ်အားအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပေမဲ့ နိုင်သင့်တဲ့ပွဲတွေမှာ အမှတ်ဆုံးရှုံးနေတာဟာ အားနည်း ချက်ပါပဲ။ အေစီမီလန်ခံစစ်က လုပ်အားနှုန်းကောင်းတဲ့အသင်းတွေကို ရင်ဆိုင်ရရင် ရုန်းကန်ရလေ့ရှိလို့ ဒီပွဲမှာလည်း ရိုးမားဘက် ကို ဂိုးပေးရဦးမယ်ထင်တယ်။ ဒါပေမဲ့ အေစီမီလန် အမှတ်မျှော်လင့်ခွင့်ရှိပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular