မန်စီးတီး – ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် ည ၇:၀၀ နာရီ)
မန်စီးတီးက အကောင်းဆုံးပုံစံနဲ့ ပရီးမီးယားလိဂ်ပြေးလမ်းကို လွယ်လွယ်ကူကူ လျှောက်လှမ်းနေပြီး၊ ဝက်စ်ဟမ်းကလည်း ချီးကျူးစရာကောင်းတဲ့ ဖြတ်သန်းမှုကို ပြသနေပါတယ်။ ဝက်စ်ဟမ်းရဲ့ခံစစ်ပိုင်းက တော်တော်လေး အားကောင်းနေတာတွေ့ရပြီး၊ ခံစစ်နဲ့ပဲ ရလဒ်ကောင်းတွေယူနေတာပါ။ ဒါပေမဲ့ ဝက်စ်ဟမ်းခံစစ်က အထလေးပြီး မန်စီးတီးက တစ်ဦးချင်းဖြတ်ကျော်တာတွေ အားကောင်းလို့ ခံစစ်ပြိုနိုင်တယ်။ မန်စီးတီး နိုင်ပွဲဆက်မယ်။
ဝက်စ်ဘရွန်း – ဘရိုက်တန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် ည ၉:၃၀ နာရီ)
ဝက်စ်ဘရွန်းက မန်ယူကို သရေကစားပြီးတော့ ဘန်လေကိုလည်း သရေထပ်ကစားခဲ့တယ်။ ကစားတာ သိပ်မကောင်းပေမဲ့ ခံစစ်ပိုင်းကတော့ ကစားပုံမဆိုးဘူး။ ငြိမ်လာတယ်။ ဘရိုက်တန်က နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ တစ်ပွဲပဲ ရှုံးခဲ့တာပါ။ ခြေစွမ်းပိုင်းကလည်း ကောင်းမွန်နေဆဲပါပဲ။ ဝက်စ်ဘရွန်းထက် အဖက်ဖက်က သာတယ်လို့ ပြော နိုင်တယ်။ ဘရိုက်တန်ကို ကြိုက်တယ်။
လိဒ်စ် – အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် ည ၁၂:၀၀ နာရီ)
ပွဲကောင်းတစ်ပွဲဖြစ်လာဦးမှာပါ။ လိဒ်စ်ရဲ့ခြေစွမ်းက မှန်းရခက်ပြီး၊ မထင်ရင် မထင်သလို ရလဒ်တွေက အတက်၊ အကျဖြစ်လေ့ရှိတယ်။ ဒါပေမဲ့ ခြေတွေ့ရင် ကြောက်စရာ ကောင်းပြီး ဂိုးရလွယ်တဲ့အသင်းမျိုးပါ။ အက်စတွန်ဗီလာကတော့ ခြေစွမ်းတည်ငြိမ်တယ်။ ခံစစ်လည်း မဆိုးဘူး။ ဒါပေမဲ့ ဂရီးလစ်ရှ်မပါတဲ့ ဟာကွက်က ကြီးပြီး စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်နိုင်တယ်။ လိဒ်စ်ကို ကြိုက်ပါတယ်။
နယူးကာဆယ် – ဝုလ်ဗ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၂:၃၀ နာရီ)
နယူးကာဆယ်က ချယ်လ်ဆီးနဲ့ မန်ယူတို့ကို နှစ်ပွဲဆက် ရှုံးခဲ့တယ်။ ပြိုင်ဘက်အသင်းတွေရဲ့အနေအထားကြောင့် ဒီရလဒ်တွေက သိပ်တော့ စိတ်ပျက်စရာမရှိပါဘူး။ ဒါပေမဲ့ အသင်းလိုက်ခြေစွမ်းကတော့ ဆွဲဆောင်မှုမရှိဘူး။ တိုက်စစ်ကစားပုံလည်း မကောင်းဘူး။ ဝုလ်ဗ်က နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲနိုင်ပြီး၊ အာဆင်နယ်၊ လက်စတာ၊ လိဒ်စ်တို့လို အသင်း တွေကို အနိုင်ယူခဲ့တာ အထင်ကြီးစရာပါ။ ဝုလ်ဗ်ကိုကြိုက်တယ်။