spot_img

မန်ချက်စတာယူနိုက်တက်နှင့်ပွဲမှာ ၎င်းတို့အတွက် စိန်ခေါ်မှုဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြ တူဟယ်လ် ပြောကြား

ချယ်လ်ဆီးနည်းပြ တူဟယ်လ်က မန်ချက်စတာယူနိုက်တက်နှင့် ကစားမည့်ပွဲမှာ မိမိတို့အတွက် စိန်ခေါ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၆)အဖြစ် ဖေဖော်ဝါရီ (၂၈)ရက်တွင် မန်ယူအသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်၌ လက်ခံကစားရမည်ဖြစ်သည်။

myan789

ပရီးမီးယားလိဂ်ပွဲစဉ် (၂၅)အပြီးတွင် မန်ယူအသင်းက ရမှတ် (၄၉)မှတ်ဖြင့် အဆင့် (၂)နေရာ၌ ရပ်တည်နေပြီး ချယ်လ်ဆီးအသင်းက ရမှတ် (၄၃)မှတ်ဖြင့် အဆင့် (၅)နေရာ၌ ရပ်တည်လျက်ရှိသည်။

ထို့ကြောင့် မန်ယူအသင်းနှင့်ကစားရမည့်ပွဲမှာ နှစ်သင်းစလုံးအတွက် အလွန်အရေးပါကြောင်း ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ဆိုခဲ့ခြင်းဖြစ်သည်။

တူဟယ်လ်က “မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ရှုံးပွဲမရှိတဲ့ အသင်းဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းနဲ့ တွေ့ဆုံမယ့်ပွဲဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်လာပါလိမ့်မယ်။ မန်ယူအသင်းဟာ တစ်ဦးချင်းစွမ်းရည်ပြည့်ဝပြီး မြန်နှုန်းမြင့်ကစားသမားတွေကို ပိုင်ဆိုင်ထားသလို၊ ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်တဲ့ အသင်းလည်းဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ခံစစ်က ကောင်းမွန်ပြီး ခံစစ်-တိုက်စစ် အကူးအပြောင်းတွေ အရမ်းကိုကောင်းပါတယ်။ ဒါကြောင့် မန်ယူနဲ့ ရင်ဆိုင်ရတဲ့အသင်းတိုင်းဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတာချည်းပါပဲ။ မန်ယူနဲ့ပွဲမှာ ကျွန်တော်တို့ အနိုင်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် ကြီးမားတဲ့အောင်မြင်မှုဖြစ်လာမှာဖြစ်သလို၊ သူတို့ နိုင်ခဲ့မယ်ဆိုရင်လည်း သူတို့အတွက် ကြီးမားတဲ့အောင်မြင်မှု ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် တူဟယ်လ်က PSG အသင်းတွင် ၎င်းနှင့်အတူ လက်တွဲခဲ့ဖူးသည့် မန်ယူအသင်း၏ ၀ါရင့်တိုက်စစ်မှူး ကာဗာနီမှာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ကြောင်းလည်း ချီးကျူးပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular