spot_img

ချန်ပီယံလိဂ်ဝင်ခွင့်ရရန်မှာ လီဗာပူးလ်အတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်သည်ဟု ကလော့ပ် ဆို

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန်မှာ မိမိတို့အတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

၂၀၁၉-၂၀ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည့် လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့် (၆)နေရာ၌ ရပ်တည်နေသည်။

myan789

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၅)အပြီးတွင် ရမှတ် (၄၀)မှတ်သာ ရရှိထားပြီး အဆင့် (၁)နေရာမှ မန်စီးတီးအသင်း (၅၉ မှတ်) နှင့် (၁၉)မှတ်အထိ ကွာဟနေသလို၊ အဆင့် (၄)နေရာမှ ဝက်စ်ဟမ်းအသင်း (၄၅ မှတ်) နှင့် (၅)မှတ် ကွာဟလျက်ရှိနေသည်။

ထို့ကြောင့် ယာဂန်ကလော့ပ်က ယခုရာသီတွင် အဆင့် (၄)အတွင်း ဝင်ရောက်ရေးမှာ မိမိတို့အတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်ကြောင်း ရှက်ဖီးယူနိုက်တက်နှင့်ပွဲအတွက် ပြုလုပ်သည့် မီဒီယာတွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်က “ရာသီကုန်မှာ အဆင့် (၄)အတွင်း ဝင်ရောက်ဖို့က ကျွန်တော်တို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုပါပဲ။ အမှတ်ပေးဇယားကို ကြည့်လိုက်မယ်ဆိုရင် အမှတ်ကွာဟမှုက သိပ်မများပေမဲ့ ခက်ခဲတာတော့ အမှန်ပါပဲ။ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေမှာ ဖြစ်နိုင်သလောက် အနိုင် (၃)မှတ်ရရှိဖို့ လိုအပ်ပါတယ်။ ဘာတွေဖြစ်လာမယ်ဆိုတာကိုတော့ ရာသီအကုန်မှာ သိရပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် စိန်ခေါ်မှုဆိုတာကတော့ သေချာပါတယ်”ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး အဲဗာတန်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် အသင်းခေါင်းဆောင် ဟန်ဒါဆန်မှာ (၈)ပတ်ခန့် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular