ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေကို PSG အသင်းအပါအဝင် မိမိတို့ပြည်သူများနှင့် လူငယ်များကပါ လိုအပ်သဖြင့် လီဂူး-၁ ပြိုင်ပွဲ၌သာ ဆက်လက်ကစားရန် ပြင်သစ် အားကစားဝန်ကြီး ရိုဆာနာမာဟာ ချီနီယာနူက တိုက်တွန်းပြောကြားခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ပြင် သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေ နှင့် PSG အသင်းတို့၏ စာချုပ်သက် တမ်းမှာ တစ်နှစ်ခွဲသာကျန်ရှိတော့ ပြီး ၂၀၂၂ ခုနှစ်တွင် ဇွန်တွင် ကုန် ဆုံးမည်ဖြစ်သည်။ PSG အသင်းက ၎င်းင်းအား စာချုပ်သက်တမ်းတိုးနိုင် ရန် ကြိုးပမ်းနေသော်လည်း ရီးယဲလ် မက်ဒရစ်နှင့် လီဗာပူးလ်အသင်းတို့ က ခေါ်ယူရန် စိတ်ဝင်စားနေသလို ကစားသမားကိုယ်တိုင်ကလည်း အနာဂတ်အတွက် အလေးအနက် စဉ်းစားနေကြောင်း ထုတ်ဖော်ပြော ကြားထားသည်။ သို့ဖြစ်ရာ ပြင်သစ် အားကစားဝန်ကြီး နိုင်ငံပိုင် France Info ရုပ်သံနှင့်တွေ့ဆုံစဉ် ယင်းကဲ့ သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ကီယန်ရေ ပြင်သစ်မှာပဲနေ ပါ။ ဒီမှာပဲ မင်းကစားတာကို ငါတို့ ဆက်ပြီးကြည့်ချင်သေးတယ်။ ငါတို့ မင်းကိုလိုအပ်တယ်။ ပြည်သူတွေက မင်းကိုလိုအပ်တယ်။ PSG က မင်း ကိုလိုအပ်တယ်။ ငါတို့ရဲ့လူငယ်တွေ အတွက် စံနမူနာပြတစ်ယောက် အဖြစ် မင်းကိုလိုအပ်တယ်။ ကျေးဇူး ပြုပြီး ငါတို့ကိုမထားခဲ့ပါနဲ့။ ပြင်သစ် မှာပဲ ဆက်နေပါ” ဟု အားကစား ဝန်ကြီး ရိုဆာနာမာဟာချီနီယာနူက ပြောကြားခဲ့သည်။
PSG အသင်းနည်းပြ ပိုချက်တီနိုကလည်း ဘာပေ၏အနာဂတ် ကို မကြာခင် သိရတော့မည်ဖြစ် ကြောင်း ကတ်တလန်အခြေစိုက် Tot Costa ရေဒီယိုအစီအစဉ်သို့ ပြောကြားခဲ့သည်။ ” PSG အသင်း အနေနဲ့ ဘာပေကို ပျော်ရွှင်စေဖို့ အတွက် လိုအပ်တာတွေအားလုံး လုပ်ပေးနိုင်ပါတယ်။ သိပ်မကြာခင်မှာပဲ အားလုံးရှင်းလင်းသွားမယ်လို့ ထင်ပါတယ်” ဟု ပိုချက်တီနိုက ဆိုသည်။
ဘာပေသည် ပြီးခဲ့သည့်အင်္ဂါ နေ့က ဘာစီလိုနာအသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အဝေးကွင်းပွဲတွင် ခြေစွမ်းပြကစားကာ ဟက်ထရစ်သွင်းယူခဲ့ပြီး ချန်ပီ ယံလိဂ်ပြိုင်ပွဲ၌ ဒုတိယမြောက် ဟက် ထရစ်သွင်းယူနိုင်ခြင်းဖြစ်သည်။ ယင်းပွဲအပြီးတွင် ဘာပေအား ရီး ယဲလ်အသင်းသို့ခေါ်ယူရန် တောင်း ဆိုမှုများ ပိုမိုထွက်ပေါ်လာရာ ၎င်းက “ကျွန်တော့်အနာဂတ်လား။ ပွဲစဉ် တစ်ပွဲတည်းနဲ့ ကျွန်တော့်အနာဂတ် ကို ဆုံးဖြတ်မယ်ဆိုရင် မိုက်မဲရာကျ ပါလိမ့်မယ်။ ဒါက စဉ်းစားစရာတွေ အများကြီးလိုအပ်တဲ့ကိစ္စပါ။ ဒီမှာ ကျွန်တော်ပျော်နေတယ်လို့လည်း အမြဲတမ်းပြောဖူးပါတယ်” ဟု တုံ့ပြန် ပြောကြားခဲ့သည်။
ထို့ပြင် အနာဂတ်အတွက် စဉ်း စားနေခြင်းနှင့်ပတ်သက်၍ ဘာပေ က “သင့်တော်တဲ့အစီအစဉ်တစ်ခု ရေးဆွဲနိုင်ဖို့ အသင်းနဲ့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ စာချုပ်သစ် အကြောင်း စဉ်းစားနေတယ်လို့ ကျွန် တော်ပြောထားပါတယ်။ ဘာဖြစ်လို့ စဉ်းစားတာလဲဆိုတော့ တကယ်လို့ စာချုပ်သစ်ချုပ်ဖြစ်ရင် ကျွန်တော်က PSG အသင်းမှာ ကာလရှည်ဆက်ရှိ နေမှာပါ။ ဒီမှာနေရတာ အရမ်းပျော် ပါတယ်။ အမြဲတမ်းလည်း ပျော်ခဲ့ရပါ တယ်။ အသင်းနဲ့ ပရိသတ်တွေက ကျွန်တော့်ကို အမြဲကူညီပေးကြလို့ အရမ်းဝမ်းသာပါတယ်။ ဒါပေမဲ့ လာ မယ့်နှစ်တွေမှာ ကျွန်တော်ဘာလုပ် ချင်လဲ၊ ဘယ်မှာရှိနေချင်လဲဆိုတာ ကို စဉ်းစားချင်ပါတယ်။ ကျွန်တော် စဉ်းစားတယ်ဆိုတာ အဲဒါပါပဲ။ သိပ် မကြာခင်မှာ ဆုံးဖြတ်ချက်ချဖို့ လိုပါ တယ်။ ဒါပေမဲ့ ကျွန်တော်စဉ်းစား နေတုန်းပါပဲ။ ဒီနေ့ အဖြေရတယ် ဆိုရင်လည်း ကျွန်တော်ပြောပြမှာပါ။ အချိန်ဆွဲနေတာတော့ မဟုတ်ပါဘူး” ဟု ဇန်နဝါရီလကုန်ပိုင်းတွင် ပြောကြားထားသည်။