spot_img

ရွန်းနီ နဲ့ ဖာဒီနန် တို့ရဲ့ ဖိနပ်တွေကို ခိုးပြီး ရောင်းစားခဲ့ဖူးကြောင်း ဖွင့်ဟခဲ့တဲ့ ရာဗဲ မောရစ်ဆင်

မန်ချက်စတာ ယူနိုက်တက် လူငယ် အကယ်ဒမီ အသင်းသားဟောင်း တစ်ဦး ဖြစ်တဲ့ ရာဗေး မောရစ်ဆင် က သူ ဟာ အသင်းရဲ့ နာမည်ကျော် စတား ကစား သမားတွေ ဖြစ်တဲ့ ဝိန်း ရွန်းနီ နဲ့ ရီယို ဖာဒီနန် တို့ရဲ့ ဘောကန် ဖိနပ်တွေ ကို ခိုးယူ ရောင်းချကာ မိသားစု ရဲ့ ဝမ်းရေး အတွက် ဖြေရှင်း ပေးခဲ့ဖူးတယ် လို့ ဖွင့်ဟ ပြောဆို လာခဲ့ ပါတယ် ။ မောရစ်ဆင် ဟာ ပေါ့ဘာ ၊ လင်ဂတ် တို့ နဲ့ အတူ ယူနိုက်တက် လူငယ် အသင်းမှာ ကစား ခဲ့သူ ဖြစ်ပါတယ် ။

လူငယ် FA Cup ကို ရခဲ့တဲ့ အသင်းသား တစ်ဦး ဖြစ်တဲ့ မောရစ်ဆင် ဟာ ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင် က မြင်တွေ့ ဖူးသမျှ ထဲမှာ အရည်အသွေး အရှိဆုံး လူငယ် ကစား သမား အဖြစ် ချီးကျုး ခဲ့ဖူးသူ ဖြစ်ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် အသင်းကြီးမှာ ၂ ပွဲသာ ကစားနိုင်ခဲ့ပြီး အခြား အသင်းကို ပြောင်းရွှေ့ ခဲ့ရ ပါတယ် ။

myan789

ယူနိုက်တက် ကနေ ထွက်ခွာ ခဲ့ချိန်ကစလို့ ရာဗေး မောရစ်ဆင် ရဲ့ ဘောလုံး သမား ဘ၀ ဟာ စင်မြင့် ထက်ကနေ မှေးမှိန် ပျောက်ကွယ် သွားခဲ့ ပါတယ် ။ ချန်ပီယံရှစ် နဲ့ ဒုတိယတန်း ကလပ်တွေမှာ ကျဉ်လည် ခဲ့ရတဲ့ မောရစ်ဆင် က ဖာဒီနန် နဲ့ ရွန်းနီ တို့ရဲ့ ဖိနပ်တွေကို ခိုးခဲ့ ဖူးကြောင်းကို FIVE လို့ အမည်ရတဲ့ YouTube Channel ရဲ့ တွေ့ဆုံခန်း အစီအစဉ်မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရီယို ဖာဒီနန် လည်း ပါဝင် ခဲ့တဲ့ အဆိုပါ အစီအစဉ် မှာ မောရစ်ဆင် က “ခင်ဗျား ရဲ့ ဖိနပ်တွေ ကို ခိုးဖို့ လုပ် ခဲ့လို့ အဝတ်လဲခန်း ထဲကနေ မောင်းထုတ် ခံခဲ့ရတာကို မှတ်မိသေးတယ် မလား” လို့ စတင် ခဲ့တာ ဖြစ်ပါတယ် ။ ဖာဒီနန် ကလည်း “အဲ့တုန်းက ငါ့ဖိနပ်တွေ ကို သူငယ်ချင်းတွေကို ပြဖို့ ဆိုပြီး မင်းပြောခဲ့တာလေ ၊ ငါမှားတယ် ဆိုရင်လည်း ပြောပါဦး” လို့ ပြန်လည် မေးခွန်း ထုတ်ခဲ့ပါတယ် ။

မောရစ်ဆင် က “အဲ့ဒိ တုန်းက ကျွန်တော် က စကော်လာ လစာပဲ ရသေးတယ်လေ ၊ ငယ်လည်း ငယ်သေး တော့ ဘာဝင်ငွေ မှ မရှိခဲ့ဘူး ။ ခင်ဗျားတို့ ဖိနပ် တစ်ရုံ ကို ပေါင် ၂၅၀ ရတယ် ၊ နှစ်ရံဆို ၅၀၀ ပေါ့ ၊ ဒါက အိမ်ပြန် ရောက်တဲ့ အခါမှာ မိသားစု ကို တစ်ခုခု ဝယ်ကျွေးဖို့ ကူညီ ပေးခဲ့တယ်လေ”

“ပြီးတော့ ခင်ဗျား တို့မှာက ဖိနပ် အရံ ၃၀ လောက် ရှိခဲ့တာပဲ ၊ ကျွန်တော် ဒီလို လုပ်တာက ခင်ဗျားတို့ကို အခက်တွေ့ စေချင်လို့ မဟုတ်ပါဘူး ၊ ဒါပေမယ့် ကျွန်တော် ကြည့်လိုက်တဲ့ အခါမှာ ခင်ဗျား တို့ ရွန်းနီ တို့ က အမြဲ ဖိနပ် အရံ ၃၀ လောက် နဲ့ ရောက်လာ တတ်ကြတာလေ ၊ ဒီတော့ တစ်ရံ လောက် မရှိတာက ဘာပြဿနာ မှ မဖြစ်လောက်ဘူး လို့ တွေးခဲ့တာပါ” လို့ ရာဗေး မောရစ်ဆင် က ပြောဆို သွားခဲ့ ပါတယ် ။

မောရစ်ဆင် ယူနိုက်တက် စီနီယာ အသင်းကို ရောက်လာချိန် မှာ ရွန်းနီ အပါ အဝင် စီနီယာ အသင်းသား တွေဟာ လူငယ်လေး ကို တတ်နိုင်သမျှ ကူညီ ပေးဖို့ ဆုံးဖြတ်ခဲ့ ကြောင်း နဲ့ မောရစ်ဆင် ရဲ့ ကိစ္စ အချို့ ဟာ သူ့ရဲ့ ကွင်းအတွင်းက ခြေစွမ်းတွေ ကို ထိခိုက် စေခဲ့ကြောင်း ရွန်းနီ က ပြီးခဲ့တဲ့ နိုဝင်ဘာ လ အတွင်းက ပြောဆို သွားခဲ့ ဖူးပါတယ် ။

“လူငယ် ကစား သမား တစ်ယောက် အနေနဲ့ ရာဗေး ရဲ့ အဖြစ်ဟာ လေ့လာ စရာ ကောင်းပါတယ် ။ သူဟာ လေ့ကျင့်ရေး ကွင်းမှာ တကယ် ထူးချွန် ခဲ့သူပါ ၊ သူ့ဘ၀ မှာ ကိစ္စ အနည်းငယ် ရှိခဲ့ပြီး အဲ့ဒါတွေ က သူ့ကို ထိခိုက် စေခဲ့ တာပါပဲ”

“သူ တစ်နေ့မှာ ထိပ်တန်း ကစား သမား တစ်ယောက် ဖြစ်လာမယ်လို့ ကျွန်တော်တို့ ထင်ခဲ့ ပါတယ် ၊ လိုအပ်တဲ့ အကူအညီတွေ လည်း ပေးနိုင်သလောက် ပေးဖို့ ကြိုးစား ခဲ့တာပါ ။ ဂယ်ရီ ( နဗီးလ် ) ဆိုရင် သူ နဲ့ အတူ လာနေဖို့ အထိ ပြောခဲ့တာပါ ။ သူ ထင်မှတ်ထားသလောက် မဖြစ်လာ နိုင်ခဲ့တာကို စိတ်မကောင်း ဖြစ်မိပါတယ်” လို့ ရွန်းနီ က ပြောဆို သွားခဲ့ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular