spot_img

ဆိုးရွားသော Comment များကို အလိုအလျောက်ပယ်ဖျက်ပေးရန် အင်္ဂလန်ဘောလုံး တာဝန်ရှိသူများ တောင်းဆိုခဲ့သော်လည်း လူမှုကွန်ရက်ကုမ္ပဏီများ ငြင်းဆန်

လူမျိုးရေးခွဲခြားသူများက ဆိုးရွားသည့်အရေးအသားများ ရေးသားလာခဲ့လျှင် အလိုအလျောက် ဖျက်ပေးသည့်စနစ်အရ ၎င်းတို့၏ Comment များမှာ စာမျက်နှာပေါ်သို့ ရောက်ရှိမလာစေရန် အင်္ဂလန်ဘော လုံးတာဝန်ရှိသူများက Facebook ၊ Twitter အစရှိသော လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကုမ္ပဏီများကို တောင်း ဆိုခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်ဘောလုံးလောကတွင် လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုများ များပြားလာပြီး လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဘောလုံးသမားများကို လှောင်ပြောင်မှုများ များပြားလာသည့်အတွက် အင်္ဂလန် ဘောလုံးတာဝန်ရှိသူများက လူမှုကွန်ရက်ဝက်ဘ်ဆိုက်ကုမ္ပဏီများကို အဓိကကျသည့် တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။

myan789

ယင်းမှာ ဘောလုံးသမားများ၏ လူမှုကွန်ရက် Post များသို့ လူမျိုးရေး/အသားအရောင်ခွဲခြားသည့် Comment များတင်လာခဲ့လျှင် အလိုအလျောက်ဖျက်သည့်စနစ်ထားရှိပေးရန်ဖြစ်သည်။

လူမျိုးရေးခွဲခြားသူများက ဆိုးရွားသည့်အရေးအသားများ ရေးသားလာခဲ့လျှင် အလိုအလျောက် ဖျက်ပေးသည့်စနစ်အရ ၎င်းတို့၏ Comment များမှာ စာမျက်နှာပေါ်သို့ ရောက်ရှိမလာစေရန် အင်္ဂလန်ဘော လုံးတာဝန်ရှိသူများက Facebook ၊ Twitter အစရှိသော လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကုမ္ပဏီများကို တောင်း ဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းလူမှုကွန်ရက် ဝက်ဘ်ဆိုက်ကုမ္ပဏီများက ယင်းကဲ့သို့တားဆီးပိတ်ပင်မှုများ ပြုလုပ်ခြင်းသည် လူတစ်ဦး၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ထိပါးစေသည်ဟု ယူဆပြီး ယင်းတောင်းဆိုမှုအား ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

အင်္ဂလန်ဘောလုံးတာဝန်ရှိသူများက မူ ၎င်းတို့၏တောင်းဆိုမှုမှာ မျှတမှုရှိသည်ဟု ယူဆနေကြကြောင်း ဗြိတိန် သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular