spot_img

အသင်းသားများ စိတ်ပိုင်း၊ ရုပ်ပိုင်း နွမ်းလျနေသည်ဟု ယာဂန်ကလော့ပ် ဝန်ခံ

ကလော့ပ်က ”အခုလောလောဆယ် ရှင်းပြနိုင်တာကတော့ ကျွန်တော်တို့အသင်းဟာ စိတ်ပိုင်းအရ နွမ်းလျနေပါတယ်။ အနည်း၊ အများပဲ ကွာမှာပါ။ အဲဒါကနေ ကျွန်တော်တို့ရဲ့ ခြေထောက်တွေကို အမြင့်ဆုံးစွမ်းအင်မထုတ်နိုင်အောင် လုပ်လိုက်ပါတယ်။

အခုလုပ်နိုင်တာကတော့ ဖြစ်ပျက်နေတာတွေကနေ သင်ယူရမှာပါ။ ခက်ခဲတဲ့အပတ်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရလဒ်က မလုံလောက်ပါဘူး။ မန်စီးတီးက အမြင့်ပျံနေပြီး ကျွန်တော်တို့ အဖြေရှာရပါလိမ့်မယ်”ဟု BBC 5 Live သို့ ပြောကြားခဲ့သည်။

myan789

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဘရိုက်တန်အသင်းအား (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မိမိ၏ အသင်းသားများသည် စိတ်ပိုင်း၊ ရုပ်ပိုင်း နွမ်းလျနေကြသည်ဟု ဝန်ခံပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အိမ်ကွင်းအန်ဖီးလ်တွင် ဘရိုက်တန်အသင်းအား (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားဦးဆောင်သူ မန်စီးတီးနှင့် (၇)မှတ်အထိ ကွာဟသွားခဲ့သည်။

လီဗာပူးလ်အသင်းသည် အိမ်ကွင်းတွင် နိုင်ပွဲမရသည်မှ (၄)ပွဲဆက် ရှိလာခဲ့ပြီး အိမ်ကွင်းနောက်ဆုံး(၃)ပွဲဆက်တွင်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။

ယခုကဲ့သို့ အခြေအနေများနှင့် ရင်ဆိုင်နေရခြင်းမှာ အသင်းသားများအနေဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်း နွမ်းလျမှုနှင့် ရင်ဆိုင်နေရ၍ဖြစ်ပြီး မိမိတို့သည် ဖြေရှင်းနည်းကို အဖြေရှာသွားမည်ဖြစ်ကြောင်း ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။

ကလော့ပ်က ”ဒီပွဲမှာ ကျွန်တော်တို့ဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ လုံလုံလောက်လောက် မလန်းဆန်းခဲ့ပါဘူး။ ဘရိုက်တန်က အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်။ ဘာဖြစ်လို့ ရှုံးရတယ်၊ အသင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို လေ့လာဆန်းစစ်ရမှာ ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ ယုံကြည်မှု မရှိခဲ့ကြပါဘူး။ ဘာတွေ မှားနေသလဲဆိုတာ ခင်ဗျားတို့လည်း မြင်ကြမှာပါ။ ဒါကို အဖြေရှာဖို့ကတော့ ပိုအရေးကြီးတယ်။ အခုလောလောဆယ် ရှင်းပြနိုင်တာကတော့ ကျွန်တော်တို့အသင်းဟာ စိတ်ပိုင်းအရ နွမ်းလျနေပါတယ်။ အနည်း၊ အများပဲ ကွာမှာပါ။ အဲဒါကနေ ကျွန်တော်တို့ရဲ့ ခြေထောက်တွေကို အမြင့်ဆုံးစွမ်းအင်မထုတ်နိုင်အောင် လုပ်လိုက်ပါတယ်။ အခုလုပ်နိုင်တာကတော့ ဖြစ်ပျက်နေတာတွေကနေ သင်ယူရမှာပါ။ ခက်ခဲတဲ့အပတ်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရလဒ်က မလုံလောက်ပါဘူး။ မန်စီးတီးက အမြင့်ပျံနေပြီး ကျွန်တော်တို့ အဖြေရှာရပါလိမ့်မယ်”ဟု BBC 5 Live သို့ ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် လာမည့်ပွဲစဉ်တွင် မန်စီးတီးအသင်းအား အိမ်ကွင်း၌ ရင်ဆိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲအား ရှုံးနိမ့်ပါက (၁၀)မှတ်အထိ ကွာဟသွားနိုင်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular