spot_img

ဘောလုံးသမားများအား ပစ်မှတ်ထား၍ လူမျိုးရေးခွဲခြားမှုပြုလုပ်ခြင်းမှာ စက်ဆုပ်ဖွယ်ကောင်းသည့်လုပ်ရပ်ဟု ဗြိတိန်တော်ဝင်မင်းသား ဝီလီယံ ဝေဖန်

ဘောလုံးသမားများအားပစ်မှတ်ထား၍ လူမျိုးရေးခွဲခြားမှု ပြုလုပ်နေခြင်းမှာ စက်ဆုပ်ဖွယ်ကောင်းသည့်လုပ်ရပ်ဖြစ်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဗြိတိန်တော်ဝင်မင်းသား ဝီလီယံ ဝေဖန်ပြောကြားသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ချယ်လ်ဆီးအသင်းနောက်ခံလူ ရီးစ်ဂျိမ်းစ်၊ ဝက်စ်ဘရွန်းအသင်းကွင်းလယ်လူ ဆော်ယာ၊ မန်ယူအသင်းနောက်ခံလူ တွမ်ဇီဘီ၊ တိုက်စစ် ကစားသမား မာစီယဲလ်နှင့် ရပ်ရှ်ဖို့ဒ်တို့ အွန်လိုင်းလူမှုမီဒီယာတွင် လူမျိုးရေးခွဲခြားခံခဲ့ရသည်။

myan789

၎င်းတို့အနက် ရပ်ရှ်ဖို့ဒ်မှာ ပြီးခဲ့သည့်စနေနေ့က အာဆင်နယ်အသင်းနှင့်ကစားသည့်ပွဲအပြီးတွင် လူမျိုးရေးခွဲခြားခံရခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး လျက်ရှိသည်။

သို့ဖြစ်ရာ FA ဥက္ကဋ္ဌတစ်ဦးဖြစ်သည့် တော်ဝင်မင်းသား ဝီလီယံက ”လူမျိုးရေးခွဲခြားမှုဆိုတာ ကွင်းထဲမှာဖြစ်ဖြစ်၊ ပွဲကြည့်စင်ပေါ်နဲ့ လူမှုမီဒီယာမှာဖြစ်ဖြစ် ဘယ် နေရာမှာလုပ်သည်ဖြစ်စေ အဲဒါက စက်ဆုပ်စရာကောင်းတဲ့လုပ်ရပ်ပါ။ ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ လိုပါတယ်။ လူမျိုးရေးခွဲခြားမှုဆိုတာ ခွင့်လွှတ်နိုင်စရာမရှိတဲ့ ပတ်ဝန်း ကျင်တစ်ခုဖြစ်လာအောင် ဖန်တီးဖို့အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်”ဟု Twitter မှတစ်ဆင့် ပြောကြားသည်။

ထို့ပြင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် ဘောလုံးသမားများ လူမျိုးရေးခွဲခြားခံရခြင်းကို လုံလောက်သည့် ကာကွယ်မှုမပေးပါက လူမှုမီဒီယာများ၏ အဓိကရှယ်ယာရှင်များကို ဒဏ်ငွေမြင့်မားစွာ တပ်ရိုက်ရန်အတွက် အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Twitter၊ Instagram စသည့် နာမည်ကြီးလူမှုမီဒီယာများတွင် အွန် လိုင်းအရှက်ခွဲမှုများ၊ လူမျိုးရေးခွဲခြားမှုများ မှာ အလွန်ပြင်းထန်လျက်ရှိသည်။

ထို့ကြောင့် အင်္ဂလိပ်ဘောလုံးလောက၏ တာဝန်ရှိသူများအနေဖြင့် လော်ဘီကုမ္ပဏီများကို ငှားရမ်းကာ ကစားသမားများအား Online Abuse လုပ်ခံရခြင်းမှ ကာကွယ်ပေးရန် နည်းလမ်းရှာကြိုးပမ်းနေသလို အခြားတစ်ဖက်တွင်လည်း ကစားသမားများအား ကာကွယ်ပေးနိုင်စွမ်းမရှိဘဲ ၎င်းတို့၏လူမှုမီဒီယာပလက်ဖောင်းများပေါ်တွင် အလွယ်တကူသုံးစွဲခွင့်ပေးနေသည့်ကုမ္ပဏီများကိုလည်း ပြင်းထန်သည့် ဒဏ်ငွေတပ်ရိုက်မှုများပြုလုပ်ရန် အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဗြိတိန်ရှိ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Kick It Out ကလည်း FA တာဝန်ရှိသူများနှင့်အတူ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular