မနေ့ညက ယှဉ်ပြိုင် ကစားသွားတဲ့ အာဆင်နယ် နဲ့ ယူနိုက်တက် တို့ ပွဲစဉ် သရေ ကျပြီး နောက်ပိုင်း ၊ မန်စီးတီး ဟာ မြို့ခံ ပြိုင်ဘက် ယူနိုက်တက်ထက် တစ်ပွဲလျော့ ကစားပြီး 3 မှတ် အကွာထိ ဖြတ်တောက်လိုက်ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ တိုက်ပွဲမှာ ၊ မန်စီးတီးဟာ ပြိုင်ဘက်တွေ အားလုံးထက် နှာတစ်ဖျား သာသွားခဲ့ပြီလို့ ဆိုလို့ ရမယ် ထင်ပါတယ်။
လီဗာပူး နည်းပြ ယာဂန် ကလော့ပ် ကတော့ ပက် ဂွာဒီယိုလာ ရဲ့ စီးတီး ဟာ ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှေ့ကနေ သုတ်ပြေးတော့မယ် ထင်တယ်လို့တောင် မှတ်ချက် ပေးလိုက်ပါပြီ။
“ ဒီနှစ် တိုက်ပွဲက အသင်းတွေ အများကြီးက ချန်ပီယံလမ်းကြောင်းပေါ်မှာ တက်လှမ်းထားနိုင်ခဲ့တာ ဖြစ်လို့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ရာသီလို့ ပြောလို့ ရပြီ ထင်ပါတယ်။ ဒါပေမယ့် မန်စီးတီး က ရှေ့ကနေ သုတ်ပြေးတော့မယ် ထင်ပါတယ်။
သူတို့ ဟာ အမှတ်ပေးဇယား ထိပ်ဆုံးကို ဦးဆောင်ထားသလို ၊ တစ်ပွဲ ကစားဖို့လဲ လက်ကျန် ရှိနေသေးတယ်လေ။ ပြီးတော့ စွမ်းဆောင်ရည်ပိုင်း အရ ကြည့်မယ် ဆိုရင်လဲ တကယ်ကို ထက်မြက်နေတာပါ။
ကျနော့် အမြင်မှာတော့ ဒီရာသီဟာ ဝက်စ်ဟမ်း နဲ့ လက်စတာ က လွဲရင် ကျန်တဲ့ အသင်းတွေ အားလုံး အတက်အကျ အနိမ့်အမြင့်တွေ နဲ့ပဲ ဖြတ်သန်းခဲ့ရပါတယ်။ သူတို့ နှစ်သင်းကတော့ ဒီရာသီမှကို ပိုကောင်းလာသလိုပါပဲ။ ကျန်တဲ့ အသင်းတွေ က ရုန်းကန်ရသည့်တိုင်အောင် ၊ အဲဒီ နှစ်သင်းဟာ ရလာဒ်တွေကို တည်တည်ငြိမ်ငြိမ် ရယူပြထားခဲ့တာပါ။
အပြင်က ပရိသတ် တစ်ယောက် အနေနဲ့ ကြည့်မယ် ဆိုရင်တော့ ဒီရာသီဟာ တော်တော်လေး ကို စိတ်လှုပ်ရှားဖို့ ကောင်းတယ် ဆိုတာ စိတ်ကူးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဘယ်သူက ချန်ပီယံ ဖြစ်မလဲ ဆိုတာလဲ ပြောလို့ မရသေးပါဘူး။ ကျနော်တို့ အသင်းက ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ပြောဆိုတာမျိုးတွေ ကြားရရင်တော့ ၊ သိပ်ပြီး ဖိအား မများတော့တာမို့ သတင်းကောင်း တစ်ခုလို့ပဲ သတ်မှတ်ပေးရမှာပါ။
ချန်ပီယံ လမ်းကြောင်းပေါ်မှာ အသင်းတွေ အများကြီး ရှိနေတာ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ တစ်ချို့ ကလပ်တွေ ရဲ့ စွမ်းဆောင်ရည်က တကယ်ကို ကောင်းတာပါ။
ဒဏ်ရာ ပြသနာတွေ မကြုံရဖို့ အတွက်တော့ ကံတရားရဲ့ ဖေးမမှုလဲ လိုသေးတာပေါ့။ ဘာလို့လဲ ဆိုတော့ ပွဲဆက် များရတဲ့ အကြားမှာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ ပွဲတွေ ကစားရတာ တကယ် မလွယ်ပါဘူး” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။
စပါး နဲ့ ပထမပိုင်း မှာ ဒဏ်ရာ ရရှိသွားခဲ့တဲ့ မာတစ်ဟာ ဒီညမှာ ကစားမယ့် ဝက်စ်ဟမ်း နဲ့ ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပြီး ၊ ဖာဘင်ဟို ကလဲ ဘရိုတ်တန် နဲ့ ပွဲအထိ ကစားပေးနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် ကလော့ပ်ဟာ သူ့ရဲ့ ဗဟို ခံစစ်အတွဲ အဖြစ် ဟန်ဒါဆင် နဲ့ ဖီးလစ် တို့အတွဲကို အသုံးပြုလာဖွယ် ရှိနေပါတယ်။
ဒီပွဲကို ဒိုင်လူကြီး ဂျိုနသန် မော့စ် က တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်ပြီး ၊ VAR ဒိုင် အဖြစ် ခရိတ် ပေါ်လ်ဆင် က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
မိုဆာလတ် ကတော့ ဝက်စ်ဟမ်း နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ 7 ပွဲမှာ 6 ပွဲ အထိ သွင်းဂိုးတွေ ရယူထားပြီး ၊ စုစုပေါင်း သွင်းဂိုး က 7 ဂိုး ရှိခဲ့ပါတယ်။