spot_img

အာဆင်နယ် Vs ယူနိုက်တက် ပွဲစဉ်တိုင်မီ နှစ်ဖက် အသင်းရဲ့ ကစားသမားတွေထဲမှ အကောင်းဆုံး XI ယောက် အသင်းကို ရွေးချယ် ပေးလိုက်တဲ့ ခရစ် ဆပ်တွန်

ဒီနေ့ည 12 နာရီ အချိန်မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် နှစ်သင်း ဖြစ်တဲ့ အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့ဟာ အမ်းမရိတ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် 21 ကို ကစားရပါ တော့မယ် ။ ယခင် တုန်းကတော့ ဒါက ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ် ဖြစ်ခဲ့ဖူး ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဒီရာသီ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဒီ အသင်း နှစ်သင်း ထိပ်တိုက် ရင်ဆိုင် ကစား ခဲ့ရာ မှာတော့ အာဆင်နယ် အသင်းက မန်ချက်စတာ ယူနိုက်တက် အသင်းကို အူဘာမီယန်း ရဲ့ ပင်နယ်တီ သွင်းဂိုး နဲ့ အဝေးကွင်း နိုင်ပွဲ ရယူ ထားနိုင်ခဲ့ ပါတယ် ။

myan789

အဲ့ဒီနောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 13 ပွဲဆက် ရှုံးပွဲ မရှိအောင် ကစား ထားနိုင် ခဲ့ပြီး အမှတ်ပေး ဇယား ထိပ်ပိုင်း နေရာ အထိ တစ်စထက် တစ်စ တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ကြားရက် တုန်းကတော့ ရှက်ဖီး ယူနိုက်တက် အသင်းကို အိုးလ် ထရပ်ဖို့ဒ် မှာ ရှုံးနိမ့် သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်း ကတော့ ဘောလုံး ရာသီ စတင် ကတည်းက တည်ငြိမ်တဲ့ ရလဒ်ကောင်း တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အတွက် အခက်တွေ့ခဲ့ရ ပေမယ့် လက်ရှိ အချိန် မှာတော့ နောက်ဆုံး ကစားခဲ့တဲ့ အမှတ်ပေး ဖလား ပွဲစဉ် 6 ပွဲဆက် ရှုံးပွဲ မရှိအောင် ( 5 ပွဲ အနိုင် ) ကစား ထားနိုင်ခဲ့ ပါတယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဖလား ဆုကို စိန်ခေါ် နိုင်ဖို့ အတွက် ပစ်မှတ် ထားနေခဲ့ပြီး အာဆင်နယ် အသင်း ကလည်း ထိပ်သီး လေးသင်း စာရင်း အမြန်ဆုံး ပြန်လည် ဝင်ရောက်ဖို့ အားခဲ နေပါတယ် ။ ဒါ့ကြောင့် ဒီပွဲဟာ မြိုင်ဆိုင်တဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာ နိုင်ခြေ ရှိနေ ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ မှာတော့ ခရပ် ဆပ်တွန် က အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့မှ အကောင်းဆုံး ကစားသမား XI ယောက်ကို ရွေးချယ် ပေးခဲ့ပြီး အသင်း တစ်သင်း ဖွဲ့ပေးခဲ့လိုက် ပါတယ် ။ ဒီအသင်း မှာတော့ အာဆင်နယ် အသင်းမှ ကစားသမား 2 ဦးသာ ပါဝင် ခဲ့ရ ပါတယ် ။

” ကျွန်တော်ရဲ့ နှစ်ဖက်ပေါင်း XI ယောက် အသင်း မှာတော့ အာဆင်နယ် အသင်းရဲ့ ကစားသမား နှစ်ယောက်သာ ပါဝင်ပါလိမ့်မယ် ။ သူတို့ ကတော့ ကီရန် တီယာနေး နဲ့ ဘူကာယို ဆာကာ ပါပဲ ”

” လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကောင်းမွန်တဲ့ နေရာ တစ်ခုမှာ ရပ်တည် နေခဲ့ ပါတယ် ။ အဲ့တာက ဘရူနို ဖာနန်ဒက်စ် တောက်ပမှု အပေါ်မှာ အတော်ကြီး မူတည် နေခဲ့ရ ပါတယ် ”

” သူဟာ အသင်းကို သစ်လွင်တဲ့ အဆင့် တစ်ခုဆီကို ရောက်ရှိအောင် မြှင့်တင် ပေးနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် နံပါတ် 10 နေရာ အတွက် ကစားသမား တစ်ဦး ရွေးရမယ် ဆိုရင် သူ့ထက် ပိုလို့ ထိုက်တန်တဲ့ ကစားသမား မရှိတော့ ပါဘူး ”

” ပြီးတော့ ပေါလ် ပေါ့ဂ်ဘာ ရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည် ကလည်း သိသိသာသာပဲ ထူးကဲ လာနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် သူတို့ နှစ်ဦးဟာ ကျွန်တော့်ရဲ့ ကွင်းလယ်မှာ သေချာပေါက် နေရာယူ ထားပါ လိမ့်မယ် ”

” အဲ့တာ ပြီးရင်တော့ တိုက်စစ်ကို အီဒင်ဆန် ကာဗာနီက ဦးဆောင်ပါ လိမ့်မယ် ။ သူ့ရဲ့ အတွေ့အကြုံ တွေကို ပရီးမီးယားလိဂ်မှာ အသုံးချ ပြခဲ့တာ ကြည့်ပြီး ကျွန်တော် ပျော်ရွှင် ခံစား နိုင်ခဲ့ပါတယ် ။ ကျွန်တော်ရဲ့ အသင်းမှာတော့ ယူနိုက်တက်က အသာလေး နိုင်ပါတယ် ” လို့ ခရစ် ဆပ်တွန် က ပြောခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular