spot_img

မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာဖို့ သတင်းထွက်လာတဲ့ ဒန်နီယယ် ဂျိမ်းစ်ကို ဘာလုပ်သင့်ပြီလဲဆိုတာ အကြံပေးလိုက်တဲ့ ရိုင်ယန်ဂစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီရဲ့ နွေအပြောင်းအရွှေ့ တုန်းက ဆွမ်ဆီး အသင်းမှ ညာတောင်ပံ တိုက်စစ် ကစားသမားလေး တစ်ဦး ဖြစ်တဲ့ ဒန်နီယယ် ဂျိမ်းစ်ကို ပေါင် 15 သန်း ခေါ်ယူ ဖြစ်ခဲ့ ပါတယ် ။ အဆိုပါ အချိန် က အလုပ်ဖြစ်မလား ဆိုတဲ့ ဝေဖန်သံတွေ ထွက်ခဲ့ပါ သေးတယ် ။

ဒါပေမယ့် သူဟာ ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင် ရတဲ့ ပွဲဦးထွက် မှာပဲ ဂိုး သွင်းယူပြီး ဝေဖန်သံ တွေကို တိတ်ဆိတ် စေခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ အသင်း အတွက် ကစားပေးတဲ့ ပထမဆုံး ပွဲစဉ် 4 ပွဲမှာ 3 ဂိုး သွင်းယူ ခဲ့တဲ့နောက် ပုံမှန် ပွဲထွက်ခွင့် ရရှိတဲ့ ကစားသမား ဖြစ်နိုင်ခဲ့ ပါတယ် ။

myan789

ဒါပေမယ့် နောက်ပိုင်း မှာတော့ သူ့ရဲ့ ပုံစံကောင်း တွေကို ဆက်လက် ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ အခြား တစ်ဖက်မှာ ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ကစားသမားလေး ဖြစ်တဲ့ မေဆွန် ဂရင်းဝုဒ်ဟာ ပုံစံကောင်း တွေကို ဆက်တိုက် ပြသ နိုင်ခဲ့တဲ့ အတွက် ပွဲထွက်ခွင့် တွေကို ရယူ သွားနိုင်ခဲ့ ပါတယ် ။

အဲ့ဒီနောက် ဒန်နီယယ် ဂျိမ်းစ် ရဲ့ ပွဲထွက် ကစားခွင့် တွေဟာ အကန့်အသတ် ဖြစ်သွား ခဲ့ပြီး သူဟာ အရံလူ အဖြစ်သာ ပါဝင်တာ များခဲ့ရ ပါတယ် ။ အခု ဘောလုံး ရာသီ မှာတော့ သူဟာ အသင်း ရဲ့ ပွဲကစားမယ့် ကစားသမား စာရင်းထဲတောင် ပုံမှန် ပါဝင် နိုင်ဖို့ အခက်တွေ့ နေခဲ့ရ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ယူနိုက်တက်တို့ ပြီးခဲ့တဲ့ နွေတုန်းက ခေါ်ယူ ခဲ့တဲ့ အတ္တလန္တာ ကြယ်ပွင့် အာမတ် ဒီယာလို ဟာလည်း အသင်းကို ဇန်နဝါရီမှာ ရောက်ရှိ လာခဲ့ပြီး လေ့ကျင့်ရေး ကွင်းထဲ ပုံစံကောင်း တွေကို ပြသ နေခဲ့တဲ့ အတွက် မကြာမီ ပွဲထွက်ခွင့် ရရှိ သွားဖို့ အလားအလာ ကောင်းနေ ပါတယ် ။

ဒါ့အပြင် လက်ရှိ အချိန် အထိ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်ပိုင်း အတွက် မားကပ်စ် ရပ်ရှ်ဖို့ ၊ အန်သိုနီ မာရှယ် ၊ မေဆွန် ဂရင်းဝုဒ် အပြင် ဥရုဂွေး လက်ရွေးစင် အီဒင်ဆန် ကာဗာနီ ကပါ ဦးစားပေး ကစားသမားတွေ ပါဝင် လာနိုင် ခဲ့တဲ့ အတွက် ဂျိမ်းစ် ဘယ်လို ရှေ့ဆက်မလဲ ဆိုတာ စိတ်ဝင်စားဖွယ် ဖြစ်လာခဲ့ ပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ ဂျိမ်စ် ရဲ့ အိုးလ် ထရပ်ဖို့ဒ် အနာဂတ်ဟာ ဝေဝါး သွားဖို့ ရှိလာခဲ့ ပါပြီ ။ ဒါ့ကြောင့် သူဟာ အသင်း ပြောင်းရွှေ့ လိမ့်မယ် ဆိုတဲ့ အသံတွေလည်း ထွက်ပေါ် လာခဲ့ရ ပါတယ် ။ အခုတော့ ဝေးလ် လက်ရွေးစင် နည်းပြ ရိုင်ယန်ဂစ် က အခွင့်အရေးကို အသုံးချဖို့ ကစားသမားကို အကြံပေး တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ ကတော့ အသင်း ရဲ့ အတွင်းပိုင်းမှာ ဘယ်လို အနေအထားတွေ ရှိနေလဲ ဆိုတာ မသိကြတဲ့ သူတွေပါ ။ လက်ရှိ အချိန်မှာ သူဟာ ပွဲကစားချိန်တွေ အများကြီး ပိုင်ဆိုင်နိုင်ခြင်း မရှိခဲ့ ပါဘူး ။ ပွဲစဉ် အတော် အများစုမှာ သူဟာ အချိန် အနည်းငယ်သာ ကစားခွင့် ရရှိခဲ့ ပါတယ် ”

” ကျွန်တော် ကတော့ အိုလီဟာ သူ့အတွက် လုံခြုံ စိတ်ချ ရမယ့် ရွေးချယ်မှု တွေကို လုပ်ဆောင် နေခဲ့တယ်လို့ တွေးမိ ပါတယ် ။ သူဟာ အသင်းမှာ အရည်အသွေး ကောင်းမွန်တဲ့ ကစားသမားတွေကို တက်နိုင် သမျှ စုဆောင်း ၊ ရှိနေ ထားဖို့ တွေးတော နေတယ်လို့ ကျွန်တော် ထင်ပါတယ် ”

” ဟုတ်ပါတယ် ၊ ဒါက ကစားသမား အတွက်တော့ စိတ်ပျက်စရာ တစ်ခု ပါပဲ ။ ဒန် စိတ်ပျက် နေတယ် ဆိုတာကို ကျွန်တော် သိပါတယ် ။ သူဟာ ယူနိုက်တက် အသင်းမှာ ပွဲထွက် ကစားခွင့် ပုံမှန် မရရှိ ကြတဲ့ အခြား အသင်းဖော်တွေလိုပဲ စိတ်ပျက်မှုတွေ ခံစားနေရတယ် လို့ ကျွန်တော် ထင်ပါတယ် ”

” ဒါပေမယ့် ခင်ဗျားဟာ မန်ချက်စတာ ယူနိုက်တက်လို ကြီးကျယ်တဲ့ ကလပ် အသင်းမှာ ကစား နေရတယ် ဆိုရင်တော့ ပွဲထွက် ကစားဖို့ အခွင့်အရေး ရရှိတုန်း အမိအရ ယူလိုက်သင့် ပါတယ် ” လို့ ရိုင်ယန် ဂစ် က လက်ရွေးစင် အသင်းသားကို အကြံပြု စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular