spot_img

ကစားသမား 3 ဦး အထိ အငှားချ သွားဖို့ ရှိနေကြောင်း အရိပ်အမြွတ် ပြောကြားရင်း ဒီယာလို အတွက် သတင်းကောင်း ပေးလိုက်တဲ့ ဆိုးလ်ရှား

လက်ရှိ အချိန် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ စီနီယာ အသင်းရဲ့ ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ ဂျက်စီ လင်ဂတ် နဲ့ ဘရန်ဒန် ဝီလီယံ တို့ဟာ ပုံမှန် ပွဲကစားခွင့် တွေကို မရရှိ နိုင်ခဲ့ ကြတဲ့ အတွက် အသင်းမှ ထွက်ခွာဖို့ သတင်းကြီး နေခဲ့ကြ ပါတယ် ။ ဒါ့အပြင် ကစားသမားသစ် ဖာကွန်ဒို ပယ်လီစထရီ ဟာလည်း အခုထိ ပွဲကစားခွင့် မရသေး ပါဘူး ။

ထွက်ပေါ် နေခဲ့တဲ့ သတင်းတွေ အရတော့ ဂျက်စီ လင်ဂတ်ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဝက်စ်ဟမ်း ယူနိုက်တက် နဲ့ ရှက်ဖီး ယူနိုက်တက် တို့က စိတ်ဝင်စား နေတယ်လို့ သိရပြီး နည်းပြဟောင်း မော်ရင်ဟို ကလည်း တော့တင်ဟမ် ဟော့ စပါးဆီ ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေတယ်လို့ သိရ ပါတယ် ။

myan789

ဘရန်ဒန် ဝီလီယံ ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ယူနိုက်တက် အသင်းအတွက် ပွဲကစားခွင့် များစွာ ရရှိပြီး တောက်ပ နိုင်ခဲ့တဲ့ အကယ်ဒမီထွက် လူငယ်လေးပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် လက်ရှိ ရာသီ မှာတော့ သူဟာ လုခ်ရှော ၊ အဲလက်စ် တဲလက်စ် နဲ့ ဝမ် ဘစ်ဆာကာ တို့ရဲ့နောက် ရှိနေပြီး ကစာခွင့်တွေ ပျောက်ဆုံး နေခဲ့ရ ပါတယ် ။

ဒါ့ကြောင့် သူတို့ နှစ်ဦးလုံးဟာ အသင်း ပြောင်းဖို့ ( အငှား ထွက်ခွာဖို့ ) ဆန္ဒ ရှိနေ ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ရောဂါပိုး ပျံ့နှံ့မှုကြောင့် ခက်ခဲ နေခဲ့တဲ့ ဘောလုံး ရာသီမှာ သူတို့ နှစ်ဦးကို အသင်း မှာပဲ ဆက်လက် ရှိနေ စေလိုခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ရဲ့ အနေအထားကို ဆက်လက် စောင့်ကြည့် သွားဖို့ ရှိကြောင်းပါ ပြောခဲ့ ပါတယ် ။

” သူတို့ တွေဟာ ယူနိုက်တက် အသင်းရဲ့ အစိတ်အပိုင်း တစ်ခု ၊ ကစားသမား စာရင်းရဲ့ အဖွဲ့ဝင် တစ်ခု အဖြစ် ရှိနေ သေးကြဆဲ ပါပဲ ။ လက်ရှိ အချိန် အထိတော့ ဘယ် ကစားသမားမှ ထွက်ခွာ လိမ့်မယ် ဆိုတာ နဲ့ ပတ်သက်လို့ သဘော တူညီမှု မရရှိ ခဲ့ကြသေး ပါဘူး ”

” ကျွန်တော်တို့ ကစားသမားတွေ အပေါ် စိတ်ဝင်စားတဲ့ အသင်းတွေ အများကြီး ရှိနေကြ ပါတယ် ။ ဘာဖြစ်လာ မလဲ ဆိုတာကို ဆက်လက် စောင့်ကြည့် ကြတာပေါ့ ။ ကျွန်တော် တို့ရဲ့ ဆန္ဒ တွေနဲ့ plan တွေကို အကောင်အထည် ဖော်နိုင်ဖို့ ဆိုတာ အရမ်းပဲ အရေးကြီး ပါတယ် ‘

” ဒါပေမယ့် ကစားသမား တွေရဲ့ စိတ်ဆန္ဒ ဆိုတာ ကလည်း အရေးကြီးလှ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ တွေက မန်ချက်စတာ ယူနိုက်တက် ရဲ့ ကစားသမား ဖြစ်နေကြလို့ ပါပဲ ” လို့ ဆိုးလ်ရှား က ပြောကြား လိုက်ရင်း ပြီးခဲ့တဲ့ နွေတုန်းက ခေါ်ယူပြီး ပွဲထွက်ခွင့် မပေးနိုင်သေးတဲ့ ကစားသမားလေး ဖာကွန်ဒို ပယ်လီစထရီ ၊ အာမတ် ဒီယာလို တို့နဲ့ ပတ်သက်လို့ …

” အသင်း အချို့နဲ့ ပြောဆို ဆွေးနွေးမှု ရှိနေ ပါတယ် ။ သူ့ကို အငှား ခေါ်ယူဖို့ စိတ်ဝင်စား နေတဲ့ အသင်း အချို့လည်း ရှိကြ ပါတယ် ။ ဒါဟာ သူ့ကို သွားခွင့် ပေးဖို့ အတွက် အခွင့်အလမ်း တစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင် ပါတယ် ။ ကျွန်တော်တို့က သူ့ကို အဆင့်အတန်း မြင့်မားတဲ့ ပွဲစဉ်တွေ ကစားစေလိုတာပါ ”

” အာမတ် (ဒီယာလို) နဲ့ ပတ်သက်လို့ ဇာတ်လမ်းက ခြားနား ပါတယ် ။ သူဟာ အသင်း နဲ့ အတူ ကောင်းကောင်း လေ့ကျင့်နိုင်ခဲ့ သလို ကစားပုံ တွေလည်း ကောင်းမွန်ခဲ့ ပါတယ် ။ ကျွန်တော် သူ့ကို အသင်းဆီ ခေါ်မယ့် အချိန်ဟာ သိပ်ပြီး ကြာလိမ့်မယ်လို့ မထင်မိ ပါဘူး ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular