spot_img

လင်ဂတ်နဲ့ ဆွေးနွေးတော့မယ်လို့ပြောရင်း လီဗာပူးနဲ့ပွဲမှာ ဘိုင်လီ မပါဝင်ခဲ့တဲ့ အကြောင်းအရင်းကို ပြောပြလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း နဲ့ FA ဖလား Round 4 ပွဲစဉ် ကစားခဲ့ရပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ ခဲ့ကာ နောက်တစ်ဆင့် တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။ ယူနိုက်တက် အတွက် ဂရင်းဝုဒ် ၊ ရပ်ရှ်ဖို့ နဲ့ ဘရူနို တို့က ဂိုးတွေ သွင်းပေးခဲ့ကြ ပါတယ် ။

ဒီနေ့ ပွဲစဉ်မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ပွဲထွက်ခွင့် နည်းပါးတဲ့ ကစားသမား အချို့ကို ထည့်သွင်း ကစားစေမယ် လို့ ပွဲစဉ် မတိုင်မီ ကတည်းက ကြိုတင် ပြောခဲ့ပေမယ့် ကွင်းလယ်လူ ဂျက်စီ လင်ဂတ် ဟာ အရံလူ စာရင်းထဲတောင် မပါဝင်ခဲ့သလို ခြေစွမ်းကောင်းတွေ ပြသ နေခဲ့တဲ့ ဗဟို နောက်ခံလူ အဲရစ် ဘိုင်လီလည်း မပါဝင်ခဲ့ ပါဘူး ။

myan789

ဂျက်စီ လင်ဂတ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် မရှိသလောက် နည်းပါး နေခဲ့ရုံသာမက ပွဲကို ကစားမယ့် ပဏာန ကစားသမား စာရင်းထဲတောင် မပါဝင်တာ များနေခဲ့ ပါပြီ ။ ဒါ့ကြောင့် သူ့ကို ခေါ်ယူဖို့ ရှက်ဖီး ယူနိုက်တက် ၊ ဝက်စ်ဟမ်း အသင်း တွေက စိတ်ဝင်စား နေခဲ့ကြ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ဂျက်စီ လင်ဂတ်ဟာ လေ့ကျင့်ရေး အစီအစဉ် တွေကို လုပ်ဆောင် နေကြောင်း ၊ သူနဲ့ တွေ့ဆုံပြီး ဆွေးနွေး သွားဖို့ ရှိနေကြောင်း ဖွင့်ဟ ပြောကြား လိုက်ပြီး အဲရစ် ဘိုင်လီ ကတော့ ဒဏ်ရာ ပြသနာ အနည်းငယ် ရှိနေတဲ့ အတွက် စွန့်စားပြီး ခေါ်ယူတာမျိုး မလုပ်ခဲ့ရတာ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ဂျက်စီ ဟာ ဒီနေ့ မနက် လေ့ကျင့်ရေး တွေကို လုပ်ဆောင်ခဲ့ ပါတယ် ။ သူဟာ အသင်းနဲ့တော့ မပူးပေါင်း နိုင်ခဲ့ပါဘူး ။ ဟုတ်ပါတယ် ၊ သူဟာ ဘောလုံး ပွဲစဉ် တွေကို ကစား ချင်တဲ့ ကစား သမား တစ်ယောက်ပါ ။ ကျွန်တော်တို့ ဒါကို ရှေးရှု ရပါလိမ့်မယ် ။ ကျွန်တော်ဟာ ဂျက်စီ နဲ့ အတူ ထိုင်ပြီး ဘာတွေ လုပ်မလဲ ဆိုတာကို ဆွေးနွေး သွားဖို့ ရှိနေ ပါတယ် ”

” ဘယ်လိုပဲ ဖြစ်နေပါစေ ၊ သူဟာ အရမ်း အရမ်းကို အရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမား တစ်ယောက် ပါပဲ ။ သူဟာ အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ မပါဝင်ခဲ့ ကြတဲ့ အဖွဲ့လေး နဲ့ လေ့ကျင့်ရေး ကွင်းမှာ ကောင်းကောင်း လေ့ကျင့် နေခဲ့ပါတယ် ။ ကျွန်တော် သူနဲ့ အတူ ထိုင်ပြီး ဘာလို အရာတွေ လာမလဲ ဆိုတာကို စောင့်ကြည့် သွားပါ့မယ် ”

” ကျွန်တော် ကတော့ သူ့ဟာ ကျွန်တော် တို့နဲ့ အတူ ရှိနေမယ် ဆိုရင် ပျော်ရွှင်နေ မိမှာပါ ။ သူ ဒီနေ့ ကောင်းကောင်း ကစားပြနိုင်ခဲ့တာတွေ ၊ လေ့ကျင့်ခဲ့တာတွေ အကြောင်း ကျွန်တော် သိနေခဲ့ ပါတယ် ” လို့ ဆိုးလ်ရှားက ထုတ်ဖော် ပြောကြားရင်း ကွင်းလယ်လူကို ထွက်ခွာခွင့် ပေးနိုင်ဖွယ် ရှိတဲ့ ပုံစံ ပြသ သွားခဲ့ပါတယ် ။ ဒါ့အပြင် ဘိုင်လီ နဲ့ ပတ်သက်လို့ …

” အဲရစ် ကတော့ ရှက်ဖီး ယူနိုက်တက် အသင်းနဲ့ ကစားရမယ့် ပွဲစဉ်မှာ ပြန်လည် ပါဝင်လာ ပါလိမ့်မယ် ။ ကျွန်တော်က စွန့်စားမှု မလုပ်ခဲ့ ချင်လို့ သူ့ကို ချန်ထားရစ် ခဲ့တာပါ ။ သူက အသေးအမွှား ဒဏ်ရာလေး ရနေတာပါ ။ ပြီးတော့ ကျွန်တော်တို့ အသင်းရဲ့ အရံခုံ အပေါ်မှာ ဖြည့်စွက် ကစားပေးနိုင်မယ့် ကစားသမားတွေ ရှိနေကြ သလို ဗစ်တာလည်း အဆင်သင့် ရှိနေတယ်လေ ”

” ဒါ့ကြောင့် ကျွန်တော်ဟာ သူ့ကို စွန့်စားပြီး မခေါ်ယူချင်ခဲ့တာပါ ။ သူ အဆင်ပြေ ပါတယ် ။ ဘာ ပြသနာမှ ထွေထွေထူးထူး မရှိပါဘူး ။ နောက်တစ်ပွဲမှာ သူပွဲထွက်မလား ၊ ပွဲမထွက်ဘူးလား ဆိုတာကို ကျွန်တော် အတိအလင်း မပြောနိုင်သေး ပါဘူး ။ ဒါပေမယ့် ကစားသမား စာရင်းထဲတော့ သူ သေချာပေါက် ပါဝင်နေမှာပါ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular