တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ နည်းပြကြီး မော်ရင်ဟို ကတော့ သူ ချဲလ်ဆီး အသင်း မှာ တုန်းက ရယူ ထားခဲ့တဲ့ အိမ်ကွင်း ရှုံးပွဲ မရှိ စံချိန်ကောင်းကို လိုက်မီ ဖို့ အလွန် ခက်ခဲ မှာ ဖြစ်တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ မော်ရင်ဟို ဟာ ချဲလ်ဆီး ကို ကိုင်တွယ် ခဲ့တဲ့ ပထမ အကြိမ် မှာ အိမ်ကွင်း ၈၆ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ပြီး စံချိန်တင် နိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။
ချဲလ်ဆီး ဟာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ လက စပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာ လ အထိ ပရီးမီးယားလိဂ် မှာ အိမ်ကွင်း ရှုံးပွဲ လုံး၀ မကြုံတွေ့ ခဲ့ရ ပါဘူး ။ ဒါဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး စံချိန် တစ်ခု အဖြစ် ဒီကနေ့ တိုင် တည်တံ့ နေခဲ့ ပါတယ် ။
ယာဂင် ကလော့ ရဲ့ လီဗာပူး အသင်း ဟာလည်း အိမ်ကွင်း မှာ ပုံစံကောင်းတွေ ရရှိ ခဲ့ပြီး ပွဲပေါင်း ၆၀ ကျော် ကို ရှုံးပွဲ မရှိအောင် ကစား လာနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညက ဘန်လေ အသင်း ကို အိမ်ကွင်း မှာ ၁ – ၀ နဲ့ ရှုံးနိမ့် အပြီး မှာတော့ သူတို့ရဲ့ မှတ်တမ်းဟာ ၆၈ ပွဲမှာတင် ရပ်တန့် သွားခဲ့ ပါတယ် ။
တော့တင်ဟမ် ဟော့စပါး အသင်း ရဲ့ ပရီးမီးယားလိဂ် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ မော်ရင်ဟို က သူ ရယူ ထားခဲ့တဲ့ စံချိန် ဟာ ပရီးမီးယားလိဂ် မှာသာမက ဥရောပ ထိပ်သီးလိဂ် တွေမှာပါ ရယူဖို့ အလွန် ခက်ခဲတဲ့ မှတ်တမ်းကောင်း တစ်ခု ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုရင်း ၆၈ ပွဲ ဆက်တိုက် မရှုံးအောင် ကစား နိုင်ခဲ့တဲ့ လီဗာပူး ကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။
“စံချိန်တွေ ဆိုတာ ချိုးဖျက်ဖို့ လို့ ပြောကြပါတယ် ။ ဒါပေမယ့် ဒီ တစ်ခု ( သူ့စံချိန် ) ကတော့ တကယ့် မဟာ အသင်းတွေတောင် ရယူ နိုင်ဖို့ အရမ်း ခက်ခဲ မှာပါ ။ ကျွန်တော့ အိမ်ကွင်း စံချိန် လိုပဲ ချိုးဖျက်ဖို့ အရမ်း ခက်တဲ့ စံချိန်တွေ ရှိပါတယ် ။ အများကြီး တော့ မဟုတ်လောက် ပါဘူး”
“လီဗာပူး လုပ်ပြ သွားတာက တကယ့် တကယ့်ကို အံ့အားသင့်စရာ စွမ်းဆောင်မှုပါ ။ ဒါပေမယ့် ကျွန်တော် ချဲလ်ဆီး နဲ့ ရယူ ခဲ့တဲ့ အရေ အတွက် ကတော့ အခုချိန်ထိ စံချိန် ဖြစ်နေပြီး ဒါကို ကျော်ဖို့ ဆိုတာ လည်း တော်တော့ကို မလွယ်တဲ့ ကိစ္စ ဖြစ်နေ မှာပါ”
“ဘာပဲ ဖြစ်ဖြစ် လီဗာပူး ကို ကျွန်တော် ဂုဏ်ပြု ပါတယ် ။ အခုလို အချိန် မှာ ရှုံးပွဲ မတွေ့ပဲ ကစား နိုင်ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။ မော်ရင်ဟို ဟာ ချဲလ်ဆီး ကနေ ထုတ်ပယ် ခံရတဲ့ အချိန် အထိ အိမ်ကွင်း ရှုံးပွဲ မရှိ စံချိန်ကို ဆုပ်ကိုင် နိုင်ခဲ့ပြီး ယာယီ နည်းပြ အေဗန် ဂရန့် လက်ထက် မှာမှ လီဗာပူး ကို ရှုံးကာ ရပ်တန့် ခဲ့ရ ပါတယ် ။
မော်ရင်ဟို ဟာ အိမ်ကွင်း မာစတာ တစ်ယောက်လို့ ဆိုနိုင်ပြီး သူ့ရဲ့ ပါဆင်နယ် အိမ်ကွင်း ရှုံးပွဲ မရှိတဲ့ မှတ်တမ်း ဟာ ၉ နှစ် တောင် ကြာမြင် ခဲ့တယ် လို့ သိရ ပါတယ် ။ ချဲလ်ဆီး ကို ဒုတိယ အကြိမ် ပြန်လည် ကိုင်တွယ်တဲ့ ၂၀၁၄ မှာလည်း အိမ်ကွင်း မှာ အကြာကြီး ရှုံးပွဲ မရှိအောင် စွမ်းဆောင် ထားနိုင် ခဲ့ပါတယ် ။
မော်ရင်ဟို ရဲ့ စပါး အသင်းဟာ ယခုအပတ် မှာတော့ FA Cup Fourth Round ပွဲစဉ် အဖြစ် အောက်တန်း ကလပ် ဝိုင်ကွမ်ဘီ နဲ့ ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ် ပါတယ် ။
မော်ရင်ဟို ရဲ့ ချဲလ်ဆီး အသင်း ရယူ ခဲ့တဲ့ ပရီးမီယားလိဂ် အရှည်ကြာဆုံး အိမ်ကွင်း ရှုံးပွဲ မရှိ မှတ်တမ်း –
ပွဲ – ၈၆
နိုင် – ၆၂
သရေ – ၂၄
သွင်းဂိုး – ၁၇၅
ပေးဂိုး – ၄၄
ကြာချိန် – ၁၄၆၂ မိနစ်