spot_img

ပြင်သစ်သား ၂ဦး ရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေ အကြောင်း ချဲလ်ဆီး ပရိသတ်တွေကို အသိပေးလာတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်း ရဲ့ ပြင်သစ် ကစားသမား ၂ဦး ဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး နဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ တို့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ည က ကစားခဲ့တဲ့ လက်စတာ အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲကို ဒဏ်ရာ ပြဿနာ အသီးသီး နဲ့ လွဲချော်ခဲ့ပါတယ် ။

ကန်တေ ဟာ ဒီပွဲမတိုင်မီ ၊ ဖူလ်ဟမ် အသင်း နဲ့ အနောက် လန်ဒန်ဒါဘီပွဲ ကို တံကောက်ကြော ဒဏ်ရာ ပြဿနာ နဲ့ လွဲချော်ခဲ့ပြီး ၊ ရက်ပိုင်းခန့် လေ့ကျင့်မှုတွေ ပြန်လည် စတင်နိုင်ခဲ့ပေမယ့် ၊ လက်စတာ နဲ့ ပွဲမတိုင်မီ လေ့ကျင့်ရေး အစီအစဉ် တခုမှာ အနည်းငယ် ထိခိုက်မှု ရှိခဲ့လို့ ၊ ကြံ့ခိုင်မှု မပြည့်ခဲ့ပါဘူး ။

myan789

ဂျရူး ကတော့ ဖူလ်ဟမ် နဲ့ ပွဲမှာ ပွဲထွက်ခွင့် ရခဲ့ပေမယ့် ၊ လက်စတာ နဲ့ ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ် မှာ ခြေကျင်းဝတ် ဒဏ်ရာ အသေးစား တခု ရခဲ့ပါတယ် ။ ချဲလ်ဆီး အသင်း ဟာ မနက်ဖြန်ည မှာ ချန်ပီယံရှစ် ကလပ် လူတန်တောင်း အသင်း နဲ့ အက်ဖ်အေ ဖလား စတုတ္ထ အဆင့်ပွဲကို ဆင်နွှဲဖို့ ရှိနေပါတယ် ။

ဒီပွဲကို ချဲလ်ဆီး အသင်း ဟာ အရန် ကစားသမား အများအပြား ကို နေရာ ပေးလာဖို့ ရှိလို့ ၊ ဂျရူး နဲ့ ကန်တေ တို့ ဒီပွအမှီ ကြံ့ခိုင်မှု ပြန်ပြည့်လာခဲ့ရင်တောင် ပွဲထွက်ခွင့် ရဖို့ အလားအလာ သိပ်မရှိလောက်ပါဘူး ။ ကလပ် တရားဝင် ဝက်ဘ်ဆိုက် မှ တဆင့် ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ အဆိုအရ ဂျရူး ကတော့ ကြံ့ခိုင်မှု ပြည့်နေပေမယ့် ၊ ကန်တေ ရဲ့ ကြံံ့ခိုင်မှု အခြေအနေ က မရေရာမှု တချို့ ရှိနေတယ် လို့ သိရပါတယ် ။

လမ်းပတ် က ” အိုလီ ဟာ ဒီပွဲ အတွက် ကြံ့ခိုင်မှု ပြည့်နေပါတယ် ။ ဒီနေ့မှာ သူ ကျွန်တော်တို့နဲ့ အတူ လေ့ကျင့်ခဲ့ပြီး ၊ လာမယ့် တနင်္ဂနွေနေ့ မှာ ကစားဖို့ အဆင်ပြေပါတယ် ။ တဖက်မှာ အန်ဂိုလို ကတော့ ကြံ့ခိုင်မှု အပြည့် မရသေးပါဘူး ။ ဒီပွဲအတွက် သူ ပါနိုင်မှာ မဟုတ်ပါဘူး ။ လောလောဆယ် မှာ သူဟာ အပြင်မှာ ကြံ့ခိုင်ရေး နည်းပြဆရာ နဲ့ အတူ တကိုယ်တည်း လေ့ကျင့်နေပါတယ် ။ ”

” မြန်နိုင်သမျှ အမြန်ဆုံး သူ့ကို ကျွန်တော်တို့ အသုံးပြုနိုင်ဖို့ ကြိုးစားသွားမှာပါ ။ အန်ဂိုလို ရဲ့ ဒဏ်ရာ အခြေအနေ ကို ကျွန်တော်တို့ဖက်က အလောတကြီး မကိုင်တွယ်ချင်ပါဘူး ။ ဒါပေမယ့် လာမယ့် အပတ်လောက် ကျွန်တော်တို့နဲ့ အတူ လေ့ကျင့်မှုတွေ ပြန်လည် စတင်နိုင်ဖို့ကို မျှော်လင့်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်း ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၈ပွဲက ပွဲထွက်စာရင်း ဟာ လွန်ခဲ့တဲ့ ၂လခန့်က ပြိုင်ပွဲစုံ ၁၇ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ အနေအထားက ပွဲထွက်စာရင်း နဲ့ မတူညီတော့ပဲ အပြောင်းအလဲ မကြာခဏ ရှိလာခဲ့ပါတယ် ။ သို့ပေမယ့် ဒီ အပြောင်းအလဲ တွေထဲမှာ ဂိုးသမား ဖြစ်သူ အက်ဒိုဝါ့ဒ် မန်ဒီ နဲ့ ကွင်းလယ်လူ မေဆင်မောင့် တို့ကတော့ ပင်တိုင် ပွဲထွက်ခွင့် ရကြပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ လမ်းပတ် က ပွဲထွက်စာရင်း အပြောင်းအလဲ လုပ်ခြင်း နဲ့ ပတ်သက်ပြီး ” ဒီ မေးခွန်း ဟာ ကွျွန်တော် အများဆုံး အမေးခံရတဲ့ မေးခွန်း တခုပါပဲ ။ ခင်ဗျား ဟာ ပွဲထွက်စာရင်း ရွေးချယ်တဲ့ နေရာမှာ တည်ငြိမ်ဖို့ကို အလိုရှိပါတယ် ။ ”

” ဒါပေမယ့် ကစားသမား တွေကသာ ကိုယ့်ရဲ့ ပွဲထွက်ခွင့် အတွက် ကိုယ်တိုင် တိုက်ပွဲဝင် လုပ်ယူရတာ ဖြစ်ပါတယ် ။ ဒါဟာ ၂ယောက်တည်း ( မန်ဒီ ၊ မောင့် ) တို့နဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး ။ တခြား အသင်းသား တွေဟာလည်း သူတို့ရဲ့ ပွဲထွက်ခွင့် အတွက် မတူညီတဲ့ အခြေအနေ တွေမှာ တိုက်ပွဲဝင် လုပ်ယူရတာတွေ ရှိပါတယ် ။ ”

” ဟုတ်ပါတယ် ။ တခါတလေကျရင် ခင်ဗျား အနေနဲ့ ရှိသမျှ အသင်း က ကစားသမား အားလုံး ရဲ့ အရင်းအမြစ် ကို ထုတ်ယူ သုံးစွဲရတတ်သလို ၊ တခါတလေမှာလည်း ခင်ဗျား ဟာ သုံးနေကျ ပွဲထွက်စာရင်း ကိုပဲ ဆက်တိုက် သုံးရတာမျိုး ဖြစ်တတ်ပါတယ် ။ ”

” အဆုံးမှာတော့ တချို့သော ပွဲထွက် ကစားသမား တွေရဲ့ တဦးချင်း စွမ်းဆောင်ရည် က အကောင်းဆုံး အနေအထား မှာ မရှိနေရင်တော့ ၊ သူတို့ကို လဲသင့်ရင် လဲရမှာပါပဲ ။ ဒီတော့ ကျွန်တော် ဟာ ကိုယ် အမှန်အတိုင်း မြင်တဲ့ အနေအထား အပေါ် မူတည်ပြီးတော့ ပွဲထွက်စာရင်း ကို ရွေးချယ်ရတာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular