spot_img

ဟာဗက်ဇ် ရဲ့ ခံယူချက် အပေါ် မေးခွန်းထုတ်ရင်း ၊ တယောက်ယောက် က သူ့ကို ဆုံးမဖို့ လိုနေပြီ လို့ ဝေဖန်လိုက်တဲ့ ရောဘတ်ဟု

အသင်း ကနေ ချဲလ်ဆီး အသင်း သို့ ရောက်ရှိလာခဲ့တဲ့ ဂျာမန် ကွင်းလယ် တိုက်စစ် ကြယ်ပွင့် ကစားသမား ကိုင်ဟာဗက်ဇ် ဟာ ယခု ပရီးမီးယားလိဂ် ရာသီဝက် ကျိုးလာတဲ့ အချိန် အထိ လောက်လောက်လားလား စွမ်းဆောင်ပေးထားခြင်း မရှိသေးပါဘူး ။

နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၅ ပွဲမှာလည်း ၊ အက်ဖ်အေ ဖလား မှာ သွင်းယူခဲ့တဲ့ ဂိုးတဂိုး က လွဲရင် ၊ ကျန်တဲ့ ပွဲအားလုံး မှာ ဟာဗက်ဇ် တယောက် ဂိုးပေါက် ပျောက်ခဲ့ပါတယ် ။ နောက်ပိုင်း ပွဲစဉ် အတော်များများ မှာ လူစားဝင် အနေနဲ့သာ ယှဉ်ပြိုင် ကစားခွင့် ရနေတဲ့ ဟာဗက်ဇ် ဟာ ဒီရာသီ ချဲလ်ဆီး အသင်း အတွက် အဆိုးရွားဆုံး ခေါ်ယူမှု လို့ ခေါ်တွင်နိုင်ပါတယ် ။

myan789

ပြီးခဲ့တဲ့ အင်္ဂါနေ့ည က ကစားခဲ့တဲ့ လက်စတာ နဲ့ ပွဲမှာတော့ ဟာဗက်ဇ် တယောက် ပွဲထွက်ခွင့် ပြန်ရခဲ့ပေမယ့် ၊ ဒုံးရင်း စွမ်းဆောင်ရည်သာ ပြသနိုင်ခဲ့ပြီး ၊ တပွဲလုံးမှာ ဂိုးပေါက် တည့်မတ်မှု တကြိမ်မှ မရှိခဲ့ပဲ ၊ လူစားလဲခံခဲ့ရပါတယ် ။

ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ ဟာဗက်ဇ် ကို အနည်းဆုံး ဘောလုံး ရာသီ တခုစာ အချိန်ပေး စောင့်ကြည့်ဖို့ တောင်းဆိုထားသလို ၊ ၎င်း ခြေစွမ်း စုတ်ချာခဲ့တဲ့ ပွဲတိုင်းမှာလည်း အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ပါတယ် ။ သို့ပေမယ့် ချဲလ်ဆီး ပရိသတ် တွေကတော့ ပေါင်သန်း ၇၀တန် ကစားသမား ဆီက အနည်းဆုံးတော့ ကြိုးစား အားထုတ်မှု ကို မြင်လိုနေကြပါတယ် ။

ဟာဗက်ဇ် ဟာ အရည်အသွေး နဲ့ အလားအလာ ကောင်းတဲ့ လူငယ် ကြယ်ပွင့် တဦး ဆိုတာ မှန်ပေမယ့် ၊ ပရီးမီးယားလိဂ် ဟာ ဘွန်ဒက်စ်လီဂါ လို ကျော့ကျော့မော့မော့ ကစားလို့ မရတဲ့ လိဂ်ဆိုတာကို သဘောပေါက်ထားဖို့ လိုနေပါတယ် ။

ချဲလ်ဆီး ၊ စတုတ်စီးတီး ၊ လက်စတာ အသင်းတွေမှာ ကစားခဲ့တဲ့ ဂျာမန် နောက်ခံလူဟောင်း ရောဘတ်ဟု ကတော့ လျော့တိလျော့ရဲ ကစားပုံမျိုးသာ ပြသထားနိုင်သေးတဲ့ ဟာဗက်ဇ် ရဲ့ ခံယူချက် အပေါ် မေးခွန်းထုတ်ရင်း ၊ ၎င်းကို အနီးကပ် ပြောဆို ဆုံးမပေးဖို့ အကူအညီ လိုနေပြီလို့လည်း သုံးသပ်ပြောဆိုခဲ့ပါတယ် ။

Stadium Astro နဲ့ တွေ့ဆုံခဲ့ရာမှာ ရောဘတ်ဟု က ” ကိုင်ဟာဗက်ဇ် ဟာ ချဲလ်ဆီး အသင်း ရဲ့ အဓိက ပွဲထွက် ကစားသမား ဖြစ်ဖို့ လိုတယ် လို့ ထိုင်ပြောနေတာ က လွယ်ပါတယ် ။ ဒါပေမယ့် သူဟာ အခုအချိန် မှာ အသင်းကြီး တသင်းဆီ ရောက်နေတဲ့ အတွက် ၊ ကစားသမား ဘဝ နောက်တဆင့် ရောက်ဖို့ ဆိုတာ သူ ကိုယ်တိုင် ကြံဆောင်ရမယ့် အရာ ဖြစ်ပါတယ် ။ “

” အခု အချိန် ဟာ သူ့အတွက် တောက်ပဖို့ အချိန် ကျလာပါပြီ ။ သူ့ရဲ့ ခန္ဓာကိုယ် ပြုမူတုန့်ပြန်ပုံ တွေကို ကျွန်တော် လုံးဝ သဘောမကျပါဘူး ။ သူ့ကို ကြည့်ရတာ အရာရာတိုင်း ကို ပေါ့ပေါ့တွေးနေသလိုပါပဲ ။ ဒါဟာ သူ့ရဲ့ ပရီးမီးယားလိဂ် က ပထမဆုံး ဘောလုံး ရာသီ ဖြစ်ပေမယ့် ၊ သူ့ကို ကြည့်ရတာ ဘာမှ တွေးမပူသလိုပါပဲ ။ ”

” သူ့ဆီ ဘောလုံး ရောက်လာရင်တောင် ခြေထဲမှာ မြဲမြဲ မထိန်းနိုင်ပဲ ၊ လွယ်လွယ် နဲ့ ပြိုင်ဖက် ရဲ့ လုယူခြင်း ကို မကြာခဏ ခံနေရတာကို တွေ့ရပါတယ် ။ နောက်ပြီး ဘောလုံး အလုခံရရင်လည်း ပြန်လုဖို့ အတွက် မကြိုးစားနေပါဘူး ။ ပရိသတ်တွေ မပါပဲ ကစားရတဲ့ ကာလ တခုမှာ အသင်းသစ် တသင်း ကို ပြောင်းလာရတာ ခက်ခဲတာ မှန်ပေမယ့် ၊ ခင်ဗျား ဟာ ဒီ အချိုးချိုး နေတဲ့ သူ့ကို ပညာကောင်းကောင်း ပေးချင်မှာပါပဲ ။ ”

” ကျွန်တော် တို့ဟာ အရင်က လက်စတာ အသင်း မှာ ဒီလို ပုံစံမျိုး ပြုမူခဲ့တဲ့ မာရက်ဇ် ရှိခဲ့ပါတယ် ။ ဒါပေမယ့် အသင်းသား အားလုံး က ဝိုင်းပြီး ပညာပေး ဆုံးမခဲ့လို့ ၊ သူဟာ အခုအခါ မှာ ပိုကောင်းတဲ့ ကစားသမား ဖြစ်လာတာပါ ။ အခု လက်ရှိ ချဲလ်ဆီး အသင်း အတွင်း မှာ အမှန်တကယ် အမိန့်ပေးနိုင်မယ့် ဦးဆောင်သူတွေ နည်းနေလို့ ၊ ဒီ အဖြစ်မျိုး ကြုံနေတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ။ ”

” အသင်း က ရလဒ်ဆိုးနေတဲ့အချိန် ၊ ကစားသမား တဦးချင်းစီ ကို ပြောဆို ဆုံးမဖို့ လွယ်တာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီလို ဆုံးမပေးဖို့ လိုတော့ လိုနေပါပြီ ။ ပရီးမီးယားလိဂ် မှာ ကစားခွင့် ရဖို့ ဘယ်လောက် အထိ ရင်းနှီး ကြိုးစားရသလဲ ဆိုတာကို သူ နားဝင်အောင် ပြောပေးမယ့် တစုံတယောက်တော့ လိုနေပါပြီ ။ ”

” အဝတ်လဲခန်း ကလည်း သူ့အပေါ် အရမ်း ကောင်းနေတာကြောင့်လည်း ဒီလို ပုံစံ ဖြစ်ကောင်း ဖြစ်နေတာလို့ ပြောနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဟာဗက်ဇ် နဲ့ တနိုင်ငံတည်းသား တိုက်စစ်မှူး တီမို ဗာနာ ဟာလည်း နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁ဂိုးသာ သွင်းယူထားနိုင်တဲ့ အထိ ခြေစွမ်း အထူး ကျဆင်းနေပါတယ် ။

ဗာနာ နဲ့ ပတ်သက်ပြီးလည်း ရောဘတ်ဟု က ” ဒီရာသီ အစပိုင်း တီမို ဗာနာ ရဲ့ ခြေစွမ်း ကောင်းခဲ့ပါတယ် ။ ကျွန်တော် တို့ဟာ သူ ကစားသင့်တဲ့ နေရာ က တောင်ပံလား ၊ ဗဟို တိုက်စစ်လား ဆိုတာ ဆွေးနွေးနိုင်ကြပါတယ် ။ ဒါပေမယ့် အရေးကြီးတဲ့ အချက် က လောလောဆယ် မှာ သူ ဂိုးမသွင်းနိုင်သေးတာပါပဲ ။ ”

” အခွင့်အရေးတွေ ရတယ် ၊ နေရာယူတာလည်း မှန်တယ် ၊ ဒီလို ဂိုးမိုးခေါင်တဲ့ ကိစ္စမျိုးမှာ ကျွန်တော် တို့ဟာ တခြား ထိပ်တန်း တိုက်စစ်မှူးတွေမှာ မြင်ဖူး ၊ ကြုံဖူးကြပါတယ် ။ ဗာနာ အနေနဲ့ ဒီ အဆင့် ကိုသာ ကျော်လွန်နိုင်ဖို့ လိုတာပါ ။ ဒါကို လွန်မြောက်နိုင်ခဲ့ရင်တော့ သူ့ရဲ့ ယုံကြည်မှုတွေ ပြန်မြင့်တက်လာပြီး ၊ ပုံမှန် ဂိုးသွင်းခြေ ကို ပြန်လည် ပိုင်ဆိုင်နိုင်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular